ထိုင်းမှာ မြန်မာလုပ်သားအချင်းချင်း မကျေနပ်လို့ဆိုကာ…

ထိုင်းမှာ အလုပ်ရှင်ထံတိုင်တန်းခဲ့တဲ့ မြန်မာအလုပ်သမား အမျိုးသမီးကို မကျေနပ်လို့ မြန်မာလုပ်သားက ဓါးနဲ့ထိုးလို့ အမျိုးသမီးသေဆုံး…

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်က ပလက်တီနမ်မော ဈေးဝယ်စင်တာ အပြင်ဘက်မှာ မြန်မာအမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရကာ ဓါးထိုးမှုကျူးလွန်သူဟာ မြန်မာအလုပ်သမား အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ မြန်မာအမျိုးသမီး မဖြူမာအောင်ဆိုသူက လူသတ်မှုကျူးလွန်သူ သက်လင်းဦးဆိုသူကို အလုပ်ထဲရေသာခိုတဲ့အကြောင်း သူတို့အလုပ်ရှင်ထံ မကြာခဏ တိုင်တန်းပြောဆိုခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ မတ်လ၉ ရက်၊မွန်းလွဲ၁၂နာရီခန့်က ဘန်ကောက်မြို့တော်၊ ရတ်သီဝီခရိုင်က ပလက်တီနမ်မော အပြင်ဘက်မှာ ဓါးထိုးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

ကုန်တိုက်ရှေ့ လှေကားထစ်မှာ လဲကျသေဆုံးနေတဲ့ မြန်မာနိုင်ငံသား အသက်၃၄နှစ်အရွယ် အမျိုးသမီး မဖြူမာအောင်မှာ အဝတ်အစားတွေ သွေးတွေစွန်းလျက် တွေ့ရှိခဲ့ပြီး လက်မောင်းနဲ့ နောက်ကျောတို့မှာ ဓါးဒဏ်ရာ၅ချက် ရရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ကို ဖရာမောင်ခတ်ခလောင်ဆေးရုံ ဆေးဝန်ထမ်းတွေက မဖြူမာအောင်အား မိနစ်၃၀ကြာ အသက်ကယ် CPR ပြုလုပ်ပေးခဲ့ပြီး ဆေးရုံတင်ထားပြီးနောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဓါးထိုးမှုဖြစ်ပွားပြီးနောက် ကျူးလွန်သူ သက်လင်းဦးမှာ ထွက်ပြေးဖို့ ကြိုးစားခဲ့သော်လည်းပဲ ကုန်တိုက်လုံခြုံရေးအစောင့်တွေက ဖမ်းမိပြီး ရဲတပ်ဖွဲ့ဆီလွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။သေဆုံးသူနဲ့ တရားခံ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ အလုပ်ရှင်တစ်ဦးတည်းရဲ့ လက်အောက် သစ်သီးဆိုင်မှာ အတူတူလုပ်ကိုင်နေကြတယ်လို့သိရပြီး သေဆုံးသူ မဖြူမာ အောင်မှာ သက်လင်းဦးက အလုပ်ထဲပျင်းရိပြီး ဖုန်းအမြဲတမ်းသုံးလေ့ ရှိတယ်ဆိုတဲ့အကြောင်း အလုပ်ရှင်ကို မကြာခဏ တိုင်တန်းလေ့ရှိလို့ ဒေါသထွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ဝန်ခံပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*