စိတ်ကောက်ပြီး မိဘအိမ်ပြန်သွားခဲ့တဲ့မိန်းမကို ယောင်္ကျားဖြစ်သူမှ ယောက္ခမအိမ်အထိလိုက်ပြီး Darrနဲ့…
အမှုဖြစ်စဥ်မှာ ၁၈.၂..၂၀၂၃ရက် မွန်းလွဲ၂နာရီ၅မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊အမာနယ်မြေရဲစခန်းတွင် ဒုရဲအုပ်…တာဝန်ထမ်းဆောင်နေစဥ် ဒေါ်အိအိသိန်း(၃၉)နှစ်၊လယ်လုပ်၊ကိုးတွင်းကျေးရွာ၊ထယ်ပင်ဆိပ်ကျေးရွာအုပ်စု၊အမာမြို့နေသူက ၎င်းသည် ၁၈..၂..၂၀၂၃ရက် မွန်းတည့် ၁၂နာရီကျော်အချိန်ခန့်တွင် ထယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ရေကျော်ကျေးရွာ၌ရှိနေချိန် လွန်ခဲ့သော(၃)လခန့်က သမီးတော်စပ်သူ မနီလာအေးနှင့်ခင်ပွန်းဖြစ်သူ မောင်မျိုးတို့ စကားများရန်ဖြစ်ကြပြီး နီလာအေးသည် ဒေါ်အိအိသိန်းနေအိမ်သို့ လာရောက်နေထိုင်သောကြောင့် ကိုမျိုး(၂၆)နှစ်၊ကျပန်းလုပ်သူက ဒေါ်အိအိသိန်း၏ နေအိမ်အရှေ့သို့ Darrကိုင်ပြီးရောက်ရှိလာကြောင်း သိရသည်။
၎င်းနောက် ကိုမျိုးက နီလာအေးကို လာရောက်ခေါ်ဆောင်ရာ နီလာအေးက မလိုက်သဖြင့် ကိုမျိုးက နေအိမ်အပေါ်သို့တက်လာပြီး ဒေါ်အိအိသိန်း၏ခင်ပွန်း အောင်ကိုဝင်း၊ဒေါ်ကြည်ထွေး၊လှမျိုးလွင်နှင့် နီလာအေးတို့(၄)ဦးကို ကိုင်းခုတ်Darrမနှင့် လိုက်ခုတ်ရာ အောင်ကိုဝင်း(၄၁)နှစ်၊လယ်လုပ်သူမှာ ဝဲဘက်ခါးတွင် (၄)လက္မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ဒေါ်ကြည်ထွေးတွင် ယာဘက်ဦးခေါင်း(၂)လက္မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ယာဘက်ပုခုံးပွန်းခြစ်ဒဏ်ရာ၊ယာဘက်ခါးတွင် ညိုမဲဒဏ်ရာ(၁)ချက်၊လှမျိုးလွင်တွင် ဦးခေါင်းနောက်စေ့ (၂)လက္မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝဲဘက်လက်ညှိုး လက်မပြတ်ရှဒဏ်ရာ(၁)ချက်၊နီလာအေးတွင် ဝဲဘက်လည်ပင်း(၄)လက္မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ ဒေါ်ညိမ်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေရသဖြင့် သမီးဖြစ်သူနှင့် အပေါင်းအပါတို့ကို Darrနှင့်ခုတ်သူ ကိုမျိုးကို ဥပဒေအရ အပြစ်ပေးအရေးယူပေးပါရန် တိုင်တန်းခဲ့ရာ
အမာနယ်မြေရဲစခန်း (ပ)၆ /၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၄၅၂ အရ အမှုရေးဖွင့်ကာ စစ်ဆေးခဲ့ကြောင်းသိရသည်။ရဲတပ်ဖွဲ့ဝင်တို့က အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊သက်သေတစ်ချို့ စစ်မေးခြင်း၊ဒဏ်ရာရရှိသူတို့ကို ရဲဆေးစာပေးပို့ကာ ပြစ်မှုကျူးလွန်သူ ငမျိုး (ခ)ဇော်မျိုးလွင့်(၂၆)နှစ်ကို ညနေ၄နာရီခွဲအချိန်ဖမ်းဆီးရမိကာ အခင်းဖြစ်စဥ်က အသုံးပြုခဲ့သောအရိုး(၁၄)လက္မ၊အသွား(၁၁)လက္မ၊အရိုးအသွား(၂၅)လက္မခန့်ရှိသော ဝါးရိုးတပ် ကိုင်းခုတ်ဓားမကို သိမ်းဆည်းကာ စစ်ဆေးနေစဥ် အမှုမှ ဒဏ်ရာ ရရှိသူ နီလာအေး(၂၀)နှစ်မှာ ညနေ၅နာရီခွဲအချိန် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားသောကြောင့် မူလရေးဖွင့်ထားသော ပုဒ်မ ၃၂၆/၃၂၄/၄၅၂မှ ၃၀၂/၃၂၄/၄၅၂ အရ အမှုရေးဖွင့်ကာ စခန်းမှုးက လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။ဦးဘုန်းနိုင်(ရေးမြို့)
Be the first to comment