ဘုန်းကြီးသပိတ်နဲ့ ဟော့ပေါ့ချက်ပြုတ်ခဲ့တဲ့စားသောက်ဆိုင် လူမှုကွန်ယက်ပေါ်မှာဝေဖန်ခံနေရ
ဘုန်းကြီးသပိတ်ထဲ ဟော့ပေါ့ချက်ပြုတ်ခဲ့တဲ့ ထိုင်းနိုင်ငံက ဂျပန်စတိုင်လ် ရှာဘူ စားသောက်ဆိုင် အကြောင်းဟာ တစ်တော့ဆိုရှယ်မီဒီယာမှာ လူပြောများနေပြီး လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
နွန်သဘူရီပြည်နယ်က ရှာဘူ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ ဆိုင်ရဲ့ကြော်ငြာဗွီဒီယိုတစ်ခုအတွက် ဘုန်းကြီးတစ်ပါးရဲ့သပိတ်ကို ချက်ပြုတ်ဖို့ အသုံးပြုခြင်းက စားသောက်ဆိုင်လာ ဧည့်သည်တွေ တည်ခင်းတဲ့နေရာမှာ အမှန်တကယ်အသုံးပြုမှာ မဟုတ်ဘူးလို့ ဝန်ခံပြော ကြားခဲ့ပါတယ်။
အဲ့ဒီလို ဘုန်းကြီးသပိတ်နဲ့ ဟော့ပေါ့ဟင်း ချက်ပြုတ်ပြင်ဆင်တာဟာ မှားယွင်းတဲ့ အကြောင်းပြချက်ဖြစ်ပြီး မသင့်လျော်ကာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် မိုင်မိုခေါ် နားရှာဘူ စားသောက်ဆိုင်ပိုင်ရှင် ကီရန်ရစ်တ်ဘွန်း၊
နာနာတစ် ကီရီဖန်နဲ့ နက်သဖွန်အော့အင်တို့က တစ်တော့ဗွီဒီယိုတစ်ခုအတွက် ရိုက်ကူးတဲ့နေရာမှာ ဟင်းပွဲချက်ပြုတ်ဖို့ သပိတ်ကို အသုံးပြုခဲ့တာက ဆိုင်ကိုကြော်ငြာဖို့ စိတ်ကူးတစ်ခု သက်သက်သာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းပြောကြားထားပါတယ်။
Be the first to comment