လေဖြန်းနေတဲ့ အသက်(၆၉)အရွယ် အမျိုးသားတဦး အဝတ်ထွက်လှမ်းရာ (၅)လွှာတိုက်ခန်းပေါ်ကနေ…
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်ရှိ ၅လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မနက်၈နာရီ ဝန်းကျင်က အသက်၆၉နှစ်အရွယ် အမျိုးသား တိုက်ပေါ်မှ ပြုတ်ကျခဲ့တဲ့အတွက် အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားတယ်လို့ သူကပြောပါတယ်။”ပြုတ်ကျတဲ့ ဦးလေးက လေဖြန်းထားတာ။အောက်ပြုတ်ကျတော့ ဘယ်ဘက်တစ်ခြမ်း တော်တော်ကြီး ထိသွားတယ်။လက်ထဲမှာလည်း သူလှမ်းမယ့် အဝတ်တစ်ချို့ပါလာတယ်။
အရှိန်လွန်ပြီး မထိန်းနိုင်လို့ ပြုတ်ကျသွားတာ ဖြစ်မယ်။အဲ့အခန်းမှာတော့ ပြုတ်ကျသွားတဲ့ ဦးလေး တစ်ယောက်ထဲနေတာ။သူ့သားကလည်း ဒီရပ်ကွက်ထဲမှာနေတယ်။အလောင်း သယ်ခါနီးတော့ ရောက်လာတာတွေ့တယ်”လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။သေဆုံးသူ ရုပ်အလောင်းကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့တယ်လို့သိရပါတယ်။
Be the first to comment