ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်က ရွာတွေမှာတောင် ဒါမျိုးဖြစ်ပျက်သွားတာ အတော်ဆိုးနေပါပြီ…

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်က ရွာတွေမှာတောင် ဒါမျိုးဖြစ်ပျက်သွားတာ အတော်ဆိုးနေပါပြီ…

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ရွာက နေအိမ်တအိမ်ကို ဓားပြတိုက်ခံရပြီး ငွေသိန်း၁၀၀နဲ့ ကားတစီးပါသွားတယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ မတ်လ၁ဝရက်နေ့ ညပိုင်းမှာ ကျောက်ကုတင်ရွာက ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးကိုကိုနေအိမ်ကို လက်နက်ပါသူ ၇ယောက်ခန့်က ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ည၇ နာရီလောက်မှာ ဓားပြတိုက်ခံရတာလို့သိရတယ်။ပိုက်ဆံ သိန်း၁၀၀နဲ့ မာစီးဒီးကား ယူသွားတယ်လို့သိရတယ်။သူတို့ကနည်းနည်းအကောင်ကြီးတော့ ကျနော်တို့လည်း မမေးရဲသေးဘူး “လို့ လှည်းကူးဒေသခံတဦးက ပြောပါတယ်။နေအိမ်ဓားပြတိုက်စဉ် ဦးကိုကိုဆိုသူနဲ့အတူ မိသားစုဝင်တွေ လည်းရှိကြောင်း၊အားလုံးကို ဧည့်ခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး နေအိမ်ထဲရှာဖွေကာ ငွေသားအပြင် ကားကိုပါယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် လှည်းကူးမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့ကြောင်း၊ကျူးလွန်သူတွေကိုတော့ အခုထိ မမိသေးဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်နေ့ ညနေကလည်း ရန်ကုန်၊လှိုင်သာယာမြို့နယ်၊၆ ရပ်ကွက်၊သီရိမင်္ဂလာလမ်းက CB ဘဏ်ခွဲ လုယက်ခံရပြီး ငွေသားအချို့ပါသွားမှု ဖြစ်ခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*