ပဲဆီ စစ်/မစစ်ကို (၃)မိနစ်နဲ့ လက်တွေ့အမြန် စမ်းသပ်နည်း

ပဲဆီ စစ်/မစစ်ကို (၃)မိနစ်နဲ့ လက်တွေ့အမြန် စမ်းသပ်နည်း

ဒီနေ့ ဆီသွား၀ယ်တော့ ရောင်းတဲ့ဆိုင်က ပဲဆီစစ်ကြောင်း အာမခံတယ် ပဲဆီမစစ်ရင် ၀ယ်တဲ့ဆီဖိုးတပြားမှမပေးနဲ့ အလကားယူသွားတဲ့။ဆိုင်ရှင်က အာမခံတော့ ကျနော်လဲ ဖယောင်းတိုင်တတိုင်နဲ့ သူ့ရှေ့တင်စမ်းကြည့်တယ်။ပဲဆီစစ်ရင် ဖယောင်းတိုင်မှာ အရောင်မပေါ်ဘူးလေ။ပဲဆီမစစ်ရင် ရောထားတဲ့ ဓါတုဆေးအပေါ်မူတည်ပြီး အရောင်ပြောင်းသွားတတ်တယ်။

အဲဒီနည်းက ဖယောင်းတိုင်လုပ်ခဲ့ဘူးတော့ သိတယ်။ဖယောင်းတိုင်ကို ဆီထဲစိမ်၊ပြန်ဆယ် ခဏစောင့်ကြည့်၊(၃)မိနစ်ကြာတော့ ဖယောင်းတိုင်မှာ အပြာရောင်ဖြစ်လာတယ်။ပဲဆီစစ်ရင် အရောင်မပြောင်း၊ဓာတုဆေးပါရင် ဖယောင်း အရောင်ပြောင်းပါမည်။

ဆိုင်ရှင်ပြောသလို ဆီဖိုးမပေးနဲ့ဆိုပေမယ့် ကျနော် အဲဒီဆီမယူတော့ဘူး။ဈေးကွက်ထဲမှာ ရောင်းနေတဲ့ မြေပဲဆီတိုင်း မြေပဲနံ့မွှေးတယ်။ပဲဆီစစ်တယ်လို့ မထင်ကြနဲ့နော်။သတိထား လက်တွေ့စမ်းပြီးမှ ၀ယ်ကျ၊ တချို့ဆီတွေက ဖယောင်းတိုင်မှာ အစိမ်းရောင်သန်းလာတတ်တယ် လက်တွေ့ပဲ။C r d

Be the first to comment

Leave a comment

Your email address will not be published.


*