ခုတလော ရန်ကုန်မှာ အဖြစ်များလာခဲ့တဲ့ ပိုင်ရှင်မဲ့ရုပ်အေ-လာင်းများ…
ရန်ကုန်မြို့မှာ အခုမတ်လအတွင်း ပိုင်ရှင်မဲ့ သေဆုံးသူရုပ်အလောင်း ၁၀ လောင်းထက်မနည်း တွေ့လာရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ယမန်နေ့ကဆိုရင် ရန်ကုန်မြို့၊အောင်ဆန်းကွင်း၊ အနောက်ဘက်တန်း၊ ဂျိုးဖြူလမ်း၊ OK ကားဂိတ်အနီးမှာ
ဦးဇင်းတစ်ပါး လဲကျနေတာကို ဒေသခံတစ်ဦးက ဖုန်းဆက်အကြောင်းကြားရာ သွားရောက်ကူညီပေးခဲ့ပေမယ့် ရောက်ရှိချိန်မှာတော့ အသက်မရှိတော့ဘူးလို့ မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းမှ သိရပါတယ်။
“မနေ့က ဦးဇင်းဆိုရင် ဘယ်ကျောင်းတိုက်လဲ စုံစမ်းလို့မရဘူး မသိရဘူး၊ ပိုင်ရှင်မဲ့ဖြစ်နေတော့ သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်ပေးလိုက်တယ်။မတ်လထဲမှာ အသင်းအနေနဲ့ ပိုင်ရှင်မဲ့အလောင်း ပို့ဆောင်ရတာဆို ၁၀ လောင်းလောက်တော့ရှိတယ်။သေဆုံးသူတွေက အိမ်ခြေမဲ့တို့ ဖြစ်နိုင်သလို တချို့ကျတော့လည်း မိသားစုက လာပစ်သွားတာလည်း ရှိတာပဲဆိုတော့ အတိအကျတော့ ပြောလို့မရဘူး။
အသင်းအနေနဲ့ကတော့ ပိုင်ရှင်မဲ့အလောင်းတွေ့လာရင် သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီးမှ ပို့ဆောင်သဂြိုလ်ပေးတယ်”လို့ မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။ရန်ကုန်မြို့မှာ ပိုင်ရှင်မဲ့ သေဆုံးသူတွေ များလာပြီး အချို့ရက်တွေမှာ ပိုင်ရှင်မဲ့ အလောင်း၂လောင်းမှ ၃လောင်းအထိ သယ်ဆောင်ပို့ပေးရတာတွေရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ၇ရက်နေ့ နံနက်ပိုင်းကလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်၅လမ်းမကြီးဘေးက Honda ရုံးခန်းရှေ့ ရေမြောင်းအတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါသေးတယ်။
Be the first to comment