ရည်းစားစကားလိုက်ပြောတာကို ငြင်းလိုက်လို့ဆိုပြီး ငြင်းဆိုသူမိန်းကလေးကို က-တ်ကြေးဖြင့်အချက်ပေါင်းများစွာ…
ရည်းစားစကားပြောတာကို ငြင်းဆိုခံရတာကြောင့် ငြင်းဆိုသူ ထိုင်းအမျိုးသမီးတစ်ဦးနှင့် သူငယ်ချင်း (၃)ဦးအား မြန်မာအမျိုးသားတစ်ဦးက က-တ်ကြေးဖြင့်ထိုးခဲ့တယ်လို့သိရပါတယ်။မတ်လ ၁၁ရက်နေ့ ညနေပိုင်းက ကော့ပငန်ကျွန်းရှိ အဝတ်လျော်ဆိုင်မှ အသက် ၂၉နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးအား အောင်ထွေးနိုင်ဆိုသည့် မြန်မာအမျိုးသားက ရည်စားစကားပြောဆိုသည်ကို လက်မခံသဖြင့် ကတ်ကြေးဖြင့် ထိုးခဲ့ရာ
ထိုင်းအမျိုးသမီးက ထွက်ပြေးသော်လည်း အောင်ထွေးနိုင်က လိုက်လံကာ ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ပြီး ထွက်ပြေးသွားသည်ကို CCTV ကင်မရာမှ တွေ့ ရှိခဲ့ရသည်။သူမ၏ အမျိုးသား သူငယ်ချင်းနှစ်ဦးဖြစ်သူနှင့် မိန်းကလေး သူငယ်ချင်းတစ်ဦးကိုပါ အောင်ထွေးနိုင်က ကတ်ကြေးဖြင့်ထိုးခဲ့တာဖြစ်ပြီး တစ်ဦးမှာ အရေးပေါ်အခြေအနေဖြစ်နေသည်ဟု သိရပါသည်။
တရားခံဖြစ်သူ အောင်ထွေးနိုင်ကိုတော့ ကော့ပငန်ကျွန်းမှာ မတ်လ ၁၂ရက်နေ့ကဖမ်းမိခဲ့တယ်လို့ သိရပါတယ်။၄င်းဟာ ရာဇဝတ်ပုဒ်မ 295 ၊ 80 နဲ့ 288အရ တပါးသူအား ထိခိုက်နာကျင်စေမှုအတွက် ထောင်ဒဏ်အနှစ်၂ဝအထိ အမြင့်ဆုံးပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။C r d:ဘန်ကောက်လမ်းညွန်ကိုစိုင်း
Be the first to comment