ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူအား လူ ၃ဦးက ရိုက်နှက်၍ ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ထွက်ပြေး..
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကို အမျိုးသား ၃ဦးက ပူးပေါင်းကြံစည်၍ ဦးခေါင်းအားရိုက်နှက်ကာ ဆိုင်ကယ်လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။မတ် ၆ရက်မွန်းလွဲ ၃နာရီခန့်က မော်လမြိုင်မြို့၌ အငှားဆိုင်ကယ်တစ်စီးအား အမျိုးသား ၂ဦးက ငှားရမ်းစီးနင်းခဲ့သည်။
ထို့နောက် တောင်ပေါ် တန်း View Point အနီးအရောက်တွင် ဆိုင်ကယ်စီးနင်းခ ကျသင့်ငွေအား လမ်းအောက်ဘက်၌ရှိနေသူတစ်ဦးထံက သွားရောက်ယူရန် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအား စီးလာသူနှစ်ဦးက ပြောဆိုခဲ့သည်။ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူက ကျသင့်ငွေအား လမ်းအောက်ဘက်၌ သွားယူရာ ငွေပေးမည်ဆိုသူက ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ခဲ့ပြီး ဆိုင်ကယ်ငှား စီးလာသူ ၂ဦးနှင့်အတူ ဆိုင်ကယ်လုယက်သွားကြောင်း သိရသည်။
“သူတို့က ဆိုင်ကယ်ငှားစီးလာပြီး အ.ထ.က(၃)ဘေးမှာရှိတဲ့ လမ်းအောက်မှာ ပိုက်ဆံသွားယူခိုင်းတော့ သွားယူတာ။အောက်ရောက်တော့ ခေါင်းကိုရိုက်ပြီး လုတာ။ခေါင်းမှာ လေးလက်မလောက် ကွဲသွားတယ်”ဟု မော်လ မြိုင် rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းသားတစ်ဦးကပြောသည်။
လုယက်သွားသူများက ဆိုင်ကယ်အပြင် ကယ်ရီမောင်းနှင်သူ၏ ဖုန်းကိုပါ လုယူသွားခဲ့ပြီး ရိုက်နှက်လုယက်ခံရသူ အမျိုးသားမှာ အသက်(၅ဝ)ကျော်အရွယ်ဖြစ်ကာ မော်လမြိုင်မြို့၌ပင်နေထိုင်ပြီး ယခင်ကတည်းက ဆိုင်ကယ်ကယ်ရီမောင်းနှင်သူဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ကျသင့်ငွေအား လမ်းအောက်ဘက်၌ သွားယူရာ ငွေပေးမည်ဆိုသူက ဦးခေါင်း အား တုတ်ဖြင့်ရိုက်နှက်ခဲ့ပြီး ဆိုင်ကယ်ငှားစီးလာသူ ၂ဦးနှင့်အတူ ဆိုင်ကယ်လုယက်သွားကြောင်း သိရသည်။
“သူတို့က ဆိုင်ကယ်ငှားစီးလာပြီး အ ထ က(၃) ဘေးမှာရှိ တဲ့ လမ်းအောက်မှာ ပိုက်ဆံသွားယူခိုင်းတော့ သွားယူ တာ/အောက်ရောက်တော့ ခေါင်းကိုရိုက်ပြီး လုတာ။ ခေါင်းမှာ လေးလက်မလောက် ကွဲသွားတယ်” ဟု မော်လမြိုင် rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လုယက်သွားသူများက ဆိုင်ကယ်အပြင် ကယ်ရီမောင်းနှင်သူ၏ ဖုန်းကိုပါ လုယူသွားခဲ့ပြီး ရိုက်နှက်လုယက်ခံရသူ အမျိုးသားမှာ အသက် ၅ဝကျော်အရွယ်ဖြစ်ကာ မော်လမြိုင်မြို့၌ပင်နေထိုင်ပြီး ယခင်ကတည်းက ဆိုင်ကယ်ကယ်ရီမောင်းနှင်သူဖြစ်ကြောင်း သိရသည်။
၎င်းမှာ ခေါင်းထိခိုက်ဒဏ်ရာရရှိထားသဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကာ အမည်မသိ ပူးပေါင်းလုယက်သွားသူ အမျိုးသား ၃ဦးတို့အား ယခုထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ထပ်မံသိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်ကလည်း မိတ္ထီလာမြို့၌ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦး၏ ဦးခေါင်းအားရိုက်နှက်ကာ ဆိုင်ကယ်လုယက်သွားမှုတစ်မှုလည်း ဖြစ်ပွားခဲ့သည်။
Be the first to comment