သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးတို့ကို ပထမအမှုအတွက် အမိန့်ချလိုက်ပြီ

သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးတို့ကို ပထမအမှုအတွက် အမိန့်ချလိုက်ပြီ

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုများနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာ အမှုတွဲမှ ပထမအမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်းကို ဒီကနေ့၊ မတ်လ ၁၃ရက်နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။

သရုပ်ဆောင်မင်းရာဇာ၊ ၄င်း၏အမျိုးသမီးဖြစ်သူ ဖူးငုံပွင့်နှင့် မင်းရာဇာ၏ မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် မြောက်ဥက္ကလာပတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅)နှစ် ချလိုက်တာပါ။

မင်းရာဇာအနေဖြင့် သက်ငယ်မုဒိမ်းမှုကို ခရိုင်တရားရုံးမှာ ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီး၊ ယင်းအမှုအတွက် သီးခြားပြစ်ဒဏ်ကို ကျခံရန်ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*