တာမွေမြို့နယ်တွင် အငှားကားတစ်စီးက အမျိုးသားတဦးရဲ့ရုပ်အလောင်းကို လာရောက်စွန့်ပစ်…
ရန်ကုန် တာမွေမြို့နယ်မှာ အငှားကားတစ်စီးက သေဆုံးနေတဲ့အမျိုးသား ရုပ်အလောင်း လာရောက် စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် အနောက်မြင်းပြိုင်ကွင်းလမ်း(ကျိုက္ကဆံ ဟစ်တိုင်ရှေ့) အမည်မသိ အမျိုသား၁ဦးအား Probox(Taxi) အငှားကား၁စီးမှ လာရောက်စွန့်ပစ်သွားမှု မတ်လ၁၂ရက်နေ့ ည၁၁နာရီကျော်အချိန်ခန့်က ဖြစ်ခဲ့တာပါ။
အဆိုပါ အမျိုးသားရဲ့ ရုပ်အလောင်းကို Probox(Taxi) အငှားကားက လာရောက်စွန့်ပစ်စဉ် နောက်မှာလိုက်ပါလာသည့် ကားတစ်စီးက တွေ့ရှိအကူအညီတောင်းလို့ သွားရောက်ကူညီပေးခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)က ပြောကြားထားပါတယ်။
သေဆုံးနေသည့် အဆိုပါ အမျိုးသားမှာ အသက်၃၀အရွယ်ရှိပြီး အဝါရောင်တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ နား၊မျက်ခုံးနှင့် ခန္ဓာကိုယ်အနှံ့တို့တွင် ပွန်းပဲ့ဒဏ်ရာများစွာရရှိကာ
သေဆုံးနေတဲ့အမျိုးသား ရုပ်အလောင်းကို သက်ဆိုင်ရာမှစစ်ဆေးပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း အဆိုပါအသင်းက ပြောကြားထားပါတယ်။
Be the first to comment