အသုံးများတဲ့ ဂတ်စ်မီးဖိုအသေးတွေက ဂတ်စ်ဘူးတွေရဲ့ လူတိုင်းမသိသေးတဲ့အန္တရာယ်

အသုံးများတဲ့ ဂတ်စ်မီးဖိုအသေးတွေက ဂတ်စ်ဘူးတွေရဲ့ လူတိုင်းမသိသေးတဲ့အန္တရာယ်

မြန်မာပြည်မှာ အသုံးများတဲ့ ဂတ်စ်မီးဖိုအသေးလေးတွေက ဂတ်စ်ဘူးတွေရဲ့ လူတိုင်းမသိသေးတဲ့ အန္တရာယ်တခုကို ဖော်ပြ ပေးလိုက်ပါတယ်။ဂတ်စ်မီးဖိုအသေးလေးတွေမှာသုံးတဲ့ ဂတ်စ်ဘူးလေးတွေဟာ တခါသုံးပါ။ပြန်ဖြည့်သုံးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ဘူးခွံကပါးပြီး ဆက်ကြောင်းကလည်း သာမာန်အနေအထားပဲရှိပါတယ်။

မလွှဲသာလို့ ပြန်သုံးကြရင်လည်း သံချေးတက်ပြီး ဟောင်းနွမ်းသည်အထိ မသုံးသင့်ပါဘူး။နောက်ပြီး အလေးချိန် ပိုမဖြည့်ခိုင်းသင့်ပါဘူး။ဂတ်စ်ရည်တွေဟာ ဖိအား (pressure) နဲ့ဖိသိပ်ထားတာပါ။ပုံမှာ ပြထားတဲ့တခုကတော့ ဂတ်စ်ဖြည့်တဲ့ဆိုင်မှာ ပေါက်ကွဲသွားတဲ့ သံချေးတက်နေတဲ့ ဂတ်စ်ဘူးပါ။

လူကို ထိခိုက်ဒဏ်ရာရစေနိုင်သလို မီးဘေးအန္တရာယ်လည်းရှိပါတယ်။Gas ဖြည့်တဲ့အခါ လက်မှန်းမထည့်သင့်ပါ။Gasဗူးရဲ့ သတ်မှတ်ထားတဲ့ အလေးချိန်အတိုင်း ချိန်တွယ်ပြီးအတိကျထည့်ရတာပါ။Gasဗူးကို သက်တမ်းလွန်တဲ့ အထိ သုံးစွဲရင်တော့ အန္တရာယ်ဖြစ်ပါတယ်။

Gasမီးဖိုလည်း ထိုနည်းတူစွာပဲ အမြဲစစ်ဆေးပေးရပါတယ်။ခလုတ်တွေချောင်တာ မီးထွက်မမှန်တာ မီးထွက်အုံဆွေးမြေ့နေတာ မက်ဂနစ်ဘားတွေ မလုံတာတွေ စစ်ဆေးသင့်ပါတယ် နားလည်တတ်ကျွမ်းသူနဲ့ သေချာပြပါ။portable မီးဖိုဟာ ခဏတစ်ဖြုတ် ဟင်းနွေး ကြက်ဥကြော်လောက်သာ သုံးသင့်တာပါ အသားပေါင်းတာတို့ အချိန်ကြာ ချက်ပြုတ်ရတဲ့ဟာတွေအတွက်ဆို လုံးဝမပြုလုပ်သင့်ပါ။

Be the first to comment

Leave a comment

Your email address will not be published.


*