မြန်မာနိုင်ငံကလူတွေက ဆင်းရဲပြီး ဇာတ်နာတဲ့ အနုပညာရှင်တွေကိုမှ အားပေးကြတာလားဆိုပြီး မေးလာတဲ့ သရုပ်ဆောင် ကောင်းစစ်သွေး

မြန်မာနိုင်ငံကလူတွေက ဆင်းရဲပြီး ဇာတ်နာတဲ့ အနုပညာရှင်တွေကိုမှ အားပေးကြတာလားဆိုပြီး မေးလာတဲ့ သရုပ်ဆောင် ကောင်းစစ်သွေး

သရုပ်ဆောင် ကောင်းစစ်သွေးကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲထဲက ဇော်ရဲ ကာရိုက်တာကတော့ ကောင်းစစ်သွေးကို ပိုမိုလူသိများစေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ကောင်းစစ်သွေးဟာ ဇာတ်လမ်းတွဲတွေများစွာကို ဆက်တိုက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကောင်းစစ်သွေးက မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အနုပညာရှင်ကို အားပေးပုံနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။ကောင်းစစ်သွေးက “ဒီနိုင်ငံမှာက အနုပညာလုပ်ရင်အရည်အချင်းကိုမကြည့်ဘူး ဆင်းရဲမှအားပေးကြတာ သီချင်းဆိုပြိုင်ပွဲတွေကြည့်လိုက် တကယ်အရည်အချင်းရှိတဲ့သူတွေကနောက်မှာ ဆင်းရဲတဲ့သူတွေကိုသနားပြီး ပိုအားပေးကြတယ်

$ တလွဲ … အနုပညာသမားတွေ Interview လုပ်ရင် ငယ်ငယ်က စားစရာတောင်မရှိခဲ့ဘူးဘယ်လိုငတ်ခဲ့တာဆို သနားလိုက်ကြတာ ဟုတ်ဟုတ်မဟုတ်ဟုတ်သနားတာပဲ။ ကိုယ်တွေများ သနားဖို့မပြောနဲ့ ။ ငယ်ငယ်ထဲကမိဘပိုက်ဆံခိုးပြီး $ ကမြင်းကြောထခဲ့တော့ ဇာတ်နာစရာကိုမရှိတာ … ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကောင်းစစ်သွေးကတော့ ဒီနိုင်ငံက ပရိသတ်တွေဟာ အနုပညာအလုပ်လုပ်ရင် အရည်အချင်းကိုမကြည့်ပဲ ဆင်းရဲမှအားပေးကြတယ်လို့ ပြတ်ပြတ်သားသားပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ တချို့သော ပရိသတ်တွေကတော့ ကောင်းစစ်သွေးဟာ လတ်တလောနာမည်ကြီးနေတဲ့ MRTV 4 မင်းသားတစ်ယောက်ကို ရည်ညွှန်းပြောဆိုနေတယ်ဆိုပြီး ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*