မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ဆိုသလို မွေးနေ့အလိုက် ဆံပင်ညှပ်ရမည့်နေ့များအကြောင်း

မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ် အဆိုရှိသလို မွေးနေ့အလိုက် ဆံပင်ညှပ်ရမည့်နေ့များအကြောင်း

မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ် ဆိုတာ မကာရလောပအကျော် ဆရာတော်ခင်ကြီးဖျော်ရဲ့ အင်္ဂဝိဇ္ဇာပညာနဲ့ လမ်းညွှန်ပြခဲ့တာပါ ပုံသေမွေးနေ့ရယ်၊ သောကြာရယ်၊ တနင်္လာရယ်လို့ မှတ်ယူရမှာမဟုတ်ပါဘူး။အင်္ဂဝိဇ္ဇာ အခါတိုင်အရ သောကြာသားသည် တနင်္လာနေ့မှာ နဝင်းစီးကံကောင်းနေတယ်။အဲဒါကို ဦးခေါင်းထိပ်က ဆံပင်ကို ဖြတ်လိုက်ရင် ကံကောင်းခြင်း နဝင်းစီးခြင်းတွေကို ဖြတ်ချလိုက်သလိုဖြစ်သွားပြီး ကံမကောင်းခြင်း၊ ကျက်သရေယုတ်ခြင်း၊ ကျမ္မာရေးမကောင်းခြင်း၊ စီးပွားပျက်ခြင်းတွေ ကြုံရတော့တာဘဲ။

ကောင်းနေတာကတွေ ပျက်သွားရင် ပြန်ကောင်းဘို့ အတော်မလွယ်တော့ဘူး။ဒါ့ကြောင့် ဆရာတော်က လူတွေ ကံမကောင်းအကြောင်းမလှ မဖြစ်စေရအောင် လမ်းညွှန်ခဲ့တာ။ဒီကိစ္စက ကိုယ့်အနေနဲ့ နှစ်ပေါင်း သုံးဆယ်ကျော် စောင့်ကြည့်လေ့လာ စမ်းသပ်ခဲ့တာ အကြိမ်ပေါင်းမနည်းသလို လွဲလည်းမလွဲခဲ့ဘူး။ဒါ့ကြောင့် ဆံပင်ဖြတ်ခြင်းအမှုကို အထူးဂရုစိုက်ကြပါ။

တနင်္ဂနွေသားသမီး……..ဗုဒ္ဓဟူးနေ့ မဖြတ်ရ
တနင်္လာသားသမီး…..ကြာသာပတေးနေ့ မဖြတ်ရ
အင်္ဂါသားသမီး……သောကြာနေ့ မဖြတ်ရ
ဗုဒ္ဓဟူးသားသမီး……စနေနေ့
ကြာသာပတေးသားသမီး……တနင်္ဂနွေနေ့
သောကြာသားသမီး……တနင်္လာနေ့
စနေသားသမီး…..အင်္ဂါနေ့ မယုံလျှင် လက်တွေ့စမ်းကြည့်ပါ။

Be the first to comment

Leave a comment

Your email address will not be published.


*