ဘုရားမြွေအဖြစ် ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ်အဖြစ်

ဘုရားမြွေအဖြစ် ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ်အဖြစ်

ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ်ပုံအကြောင်း မြွေမင်းသမီးလေး ရွှေလဲ့ တင်ထားတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။ဒီမြွေရှိတဲ့ နေရာပြောပြပေးနိုင်သူ ရှိပါသလားရှင်။သဘာဝလွန် စေတနာလွန် အစားတွေ နင်းကန်ကြွေး Force feeding လုပ်ထားပုံရပါတယ်။

ဘေးက ကန်တော့နဲ့ လောင်းထည့်တယ်လို့ယူဆရပြီး မြွေက ကြွက်သားသန်မာမှုမရှိ အဆီပိတ်ပြီး ပူဖောင်းမှုတ်ထည့်သလိုဖြစ်နေပါပြီ။သူ့ကို ကယ်နိုင်ရင်တောင် သဘာဝထဲ ပြန်လွှတ်ဖို့ မလွယ်လှပါဘူး။သူ့လို နောက်တကောင်ကို ထပ်လုပ်မှာတော့ အရမ်းကိုစိတ်ပူလို့ပါ။

သတ္တဝါဟူသမျှ စာနာစိတ်လေးနဲ့ ရှင်သန်ကြရင်အကောင်းဆုံးပါ။သတ္တဝါတွေရဲ့ ငရဲက ဘုရားစေတီတွေနားရှိနေတာ အင်မတန် စိတ်မကောင်းစရာ အမှန်တရားတခုပါပဲ

ရှေ့ဆက်ပြီး ဘယ်ဘုရားမှာ ဘာမြွေတွေရှိတယ်ဆိုတာ စာရင်းပြုစုနေတာမို့ သိသူများလည်း ပူးပေါင်းပါဝင်ပေးကြပါအုံးရှင်။ပြိုင်တူတွန်းရင်ရွေ့မှာပါ။နောက်ဆက်တွဲ–မန္တလေးတိုင်း၊ ကံကြီးမရွာက ဘုရားမှာလို့ သိရပါတယ်။C r d(မြွေမင်းသမီးလေး မရွှေလဲ့)

Be the first to comment

Leave a comment

Your email address will not be published.


*