သားနဲ့သမီးတို့ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့တဲ့ မေမေနန်းမြတ်ဖြိုးသင်း
ချစ်ပရိသတ်ကြီးတို့ရေ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်သက်တမ်း လေးနှစ်အကြာမှာပဲ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်နော်။
သားလေးနဲ့သမီးလေး ကျန်ခဲ့ပြီး ဘဝကို ချစ်ရတဲ့သား၊သမီးတွေနဲ့အတူ အားတင်းကာ လျှောက်လှမ်းခဲ့တဲ့ နန်း မြတ်ကတော့ အဖေမရှိတော့ဘူးဆိုတဲ့ ကလေးတွေရဲ့ ခံစားချက်မှာ သားကြီးလေး ဂျက်က စိတ်ဒဏ်ရာခံစားခဲ့ရကြောင်းကို ပြောပြလာခဲ့ပါတယ်။
“သားလေးကအဖေကို နဂိုတည်းက အရမ်းတွယ်တော့ ရုတ်တရက်ပျောက်သွားတာဆိုတော့ စိတ်ဒဏ်ရာဖြစ် သွားတာ။စိတ်ဒဏ်ရာဆိုတာ လူတိုင်းပျောက်ဖို့ခက်တယ်။နန်းမြတ်ဆိုရင် အခုထိ ဆေးရုံကားမြင်ရင် စိတ်ဒဏ်ရာဖြစ်တုန်းပဲ။ကလေးဆိုတာ ပိုဆိုးတယ် သူနောက်ဆုံးတွေ့လိုက်ရတာက ဆေးရုံကားနဲ့ လာခေါ်သွားတာ။
ရုတ်တရက် ပျောက်သွားတာဆိုတော့ အမေထပ်ပျောက်မှာ သိပ်စိုးရိမ်တယ် သားလေးနဲ့သမီးလေးက သူတို့ဘဝမှာ အဖေရုတ်တရက် ပျောက်သွားတော့ ဂျက်ဂျက်လေးက အဖေကိုအရမ်းခင်တွယ်တဲ့ ကလေးလေးမို့
စိတ်ဒဏ်ရာရသွားခဲ့ရတာပါ အငယ်လေးကတော့ ကျောင်းတွေ ဘာတွေတက်ရင် သူများတွေမှာအဖေရှိပြီး သူ့မှာဘာလို့မရှိရတာလဲ မေးကောင်းမေးလိမ့်မယ်ထင်တယ်”ဆိုပြီးတော့ စိတ်မကောင်းစွာ ပြောလာခဲ့ပါတယ်နော်။
Be the first to comment