အဘဆိုတဲ့ပုဂ္ဂိုလ်က အိမ်မက်ထဲထိ သားရည်ပင်နဲ့ ပြစ်တဲ့အကြောင်းပြောပြလာတဲ့ သဉ္ဇာနွယ်ဝင်း

အဘဆိုတဲ့ပုဂ္ဂိုလ်က အိမ်မက်ထဲထိ သားရည်ပင်နဲ့ ပြစ်တဲ့အကြောင်းပြောပြလာတဲ့ သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းဆိုတာနဲ့ပရိသတ်ချစ်တဲ့နိုင်ငံကျော်တစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ကလေးလေးတွေနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝကိုပိုင်ဆိုင်ထားတာပါ။ သူတို့မိသားစုလေးကလည်းပရိသတ်တွေအားကျနေရတဲ့မိသားစုလေးပါ။လူမှုကွန်ရက်မှာလည်းပုံရိပ်လေးတွေ video လေးတွေတင်ပေးလေ့ရှိပါတယ်။ အခုမှာလည်းသူမမက်ခဲ့တဲ့အိမ်မက်အကြောင်းလေးကိုခုလိုပြောပြခဲ့တာပါ။

အိပ်မက်ထဲမှာ လူတွေအားလုံးအိမ်ကြီးတစ်အိမ်ထဲထွက်သွားတဲ့အချိန် ပုဂ္ဂိုလ်တစ်ဦးနားကိုအမကသွားပြီးသူလည်းဘာမှမစားတော့ပဲဘုရားတရားလုပ်မယ်ပြောတယ်။အဲအချိန်မှာကိုယ်ကလည်းငါလည်းပါမယ်ပြောပြီးဝင်ထိုင်နေတာပုဂ္ဂိုလ်ကအမကိုရေသောက်ထားပြောတော့အမကမသောက်ဘူးသူဒီတိုင်းနေမယ်တဲ့ အဲ့ဒါနဲ့ကိုယ်ကအခုမှစတာမလို့ငါတို့ရေသောက်ပြီးဗိုက်မဆာအောင်အရင်ကျင့်ကြမယ်ပြောပြီးသောက်တယ်။

ခဏနေကြတော့အဲ့ပုဂ္ဂကဘုရားစာရှေ့ကတိုင်ပေးတယ် ကိုယ်နှစ်ယောက်ကနောက်ကဆိုတဲ့အချိန်မှာ စဆိုတဲ့အချိန်ထဲက နောက်ကလိုက်ဆိုတဲ့သူတွေက ရာနဲ့ချီတဲ့အသံတွေပါလိုက်ဆိုတာကြားရတယ် နှစ်ယောက်လုံးကြောက်လို့တုန်နေပြီးမျက်လုံးဖွင့်ကြည့်တဲ့အချိန်မှာတော့ကိုယ်နဲ့ကိုယ့်အမနဲ့စာချပေးတဲ့ပုဂ္ဂိုလ်အဘနဲ့ပဲရှိတယ်အဲ့အချိန်မှာအဘကသွားရည်ပင်နဲ့ညီအမနစ်ယောက်ကြားကိုပစ်တဲ့အခါ လှုပ်လှုပ်ရွရွအသံတွေထွက်လာတယ်။

ဒါနဲ့ ပုဂ္ဂိုလ်အဘကပြောတယ်တွေ့လားလူတွေကပါးစပ်ကမြင်အပ်မမြင်အပ်တာတွေကိုစော်ကားတာသူတို့တွေကလူတွေနားမှာအမြဲတမ်းရှိနေတယ်တဲ့။ အခုပဲမက်တဲ့အိပ်မက်ကိုစိတ်ထဲအရမ်းစွဲလို့ရေးလိုက်ပါတယ်။ ဒီနေ့ကစပြီးဘယ်ပုဂ္ဂိုလ်ကိုမှ နောက်ပြောင်ပြီးမပြောတော့ဘူး။ အိမ်မက်ထဲက ဘုရားစာတိုင်ပေးတဲ့အဘကထိုင်တဲ့အချိန်တင်ပလွေခွေထိုင်ပြီးလက်ထဲမှာ ရေနွေးကြမ်းခွက်လားဆေးလိပ်လားတော့ကိုင်ထားတယ်ခေါင်းပေါင်းနဲ့ပဲအကျီပုဆိုးကအဖြူတော့မဟုတ်ဘူး။ အသိတရားတစ်ခုရလိုက်ပါတယ် သာဓုသာဓုသာဓုဆိုပြီးပြောပြခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*