ပုခုံးပေါ်လာမှီပြီး ဓါတ်ပုံလာရိုက်တဲ့ လမင်းကဗျာကို ရွံပြီး ဆောင့်တွန်းချင် စိတ်တောင် ဖြစ်တယ်လို့ စုံတွဲပုံနဲ့ ပတ်သတ်ပြီး ဖြေရှင်းလာခဲ့တဲ့ မိုးအောင်ရင်

ပုခုံးပေါ်လာမှီပြီး ဓါတ်ပုံလာရိုက်တဲ့ လမင်းကဗျာကို ရွံပြီး ဆောင့်တွန်းချင် စိတ်တောင် ဖြစ်တယ်လို့ စုံတွဲပုံနဲ့ ပတ်သတ်ပြီး ဖြေရှင်းလာခဲ့တဲ့ မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ကတော့ နှုတ်ခမ်းနီမလေး တွေရဲ့ အချစ်တော် မင်းသားချောတစ်လက်ဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါ။ မိုးအောင်ရင်က သူရဲ့ ဖခင် အဆိုတော်ကြီး ဦးအောင်ရင်ရဲ့ အနုပညာ သွေးအပြည့်သူဖြစ်ပြီး အရည်အချင်းပြည့်ဝသူတစ် ယောက်ဖြစ်လို့ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ပရိသတ်အားပေးမှုများစွာရရှိထားတာပါနော်။

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသား ချောမိုးအောင်ရင်ကတော့သရုပ်ဆောင်ကောင်းပြီး လူငယ်ပီပီပျော်ပျော်နေတတ်တဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူပါ..။မိုးအောင်ရင်ကတော့ ပရိသတ်တွေဆီ တကျော့ပြန် ရောက်ရှိလာတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေ ကိုလုပ်ဆောင်နေသလို အားကစားတွေအပြင် စီးပွားရေးအဖြစ် အစားအသောက်တွေလည်း ရောင်းချပေးနေတာ တွေ့ရပါတယ်နော်..။

မင်းသားချော မိုးအောင်ရင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်တတ်တာကြောင့် ဇာတ်လမ်းတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရ သူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မိုး အောင်ရင်က ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါး သွားခဲ့ကာ DJ Sai ဆိုတဲ့ နာမည်နဲ့ DJ လောကထဲ ကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

မင်းသား၊ DJ ၊ ဈေးသည် စသည်ဖြင့် အလုပ်တွေမျိုးစုံလုပ် တတ်လွန်းတဲ့ မိုးအောင်ရင်ကို ပရိသတ်တွေက စွယ်စုံရမင်းသားတစ်ယောက်လို့ စနောက်ကြတာ ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင် မိုးအောင်ရင်က လတ်တလော ပွဲ ဆူနေတဲ့ လမင်းကဗျာနဲ့ အတူရိုက်ခဲ့တဲ့ စုံတွဲပုံအကြောင်းပြန်လည်ဖြေရှင်းလာပါတယ်။“ဓာတ်ပုံတွေရိုက်ကြရင်းနဲ့ သူလဲရိုက်ချင်တယ်တဲ့ဆိုတော့ Ok ရိုက်ပေါ့။

ဘေးကနေ ဒီလိုပဲ ဓာတ်ပုံရိုက်လိုက်တာပဲ။ဒါပေမ ယ့် ပထမတစ်ပုံပြီးတော့ နောက်တစ်ပုံကျတော့ သူက ကျွန်တော့်ပုခုံးကိုလာမှီတာ။ ကျနော်က အဲ့ဒီပခုံးလာမှီ ကတည်းက ကျနော်ကရွံပြီးတော့ သူ့ကိုဆောင့်တွန်းချင် စိတ်ကိုဖြစ်သွားတာ ကျွန်တော့်စိတ်ထဲမှာတော့။တခြား သူစိမ်းမိန်းကလေးတစ်ယောက်က အဲ့လိုကြီးလာဖြစ်တယ်ဆို တော့။အဲ့လိုကြီးလုပ်လိုက်ရင် ရုပ်ပျက်သွားမှာပဲဆိုပြီးတော့ ကျနော် ပေးအရိုက်ခံလိုက်တာပေါ့။

ဒါပေမယ့် အဲ့တာကြီးကိုတော့ သူတင်လာလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။တခြားလူတွေရဲ့ အတွေးအမြင်မှာ စုံတွဲလို့ ထင်သွားစေမယ့် ဟာကို မိန်းကလေးတစ်ယောက်က တင်လိမ့်မယ်လို့တော့ ကျွန်တော်က မထင်ခဲ့ဖူး။စီနီယာ ဂျူနီယာ အနေအထားမှာ လည်းဖြစ်နေတယ်။ညလောကမှာကျ လူတွေက အစောကြီး ကတည်းက အကောင်းမမြင်တတ်ကြဘူး။ကျနော့်ရဲ့ နာမည်ကိုသူသုံးမယ် ကျနော့်ရဲ့ ဓာတ်ပုံကိုသူသုံး မယ်ဆိုရင် ကျနော်ကသူ့ရဲ့ စီနီယာဆိုတော့သူကကျနော့်ကိုခွင့်တောင်းရမှာပေါ့။

ရှေ့မှာလည်း သူ ကျွန်တော့်နာမည်နဲ့ ဖြေ ဖူးတဲ့ အင်တာဗျူးတွေရှိတယ်။ကိုကဒီကိစ္စမှာ အသုံးချခံ လိုက်ရသလိုဖြစ်သွားတယ်။သူနဲ့ကအရင်ကကားရိုက်ဆုံဖူးတယ်ဆိုပေမယ့် ကျနော်က Lead Actor နေရာကပေါ့။ သူကတော့ Supporting နေရာ ကပဲဆုံဖူးတာပေါ့။မင်းသားမင်းသမီးဆိုတဲ့အနေအထားနဲ့ တော့ကျနော်တို့ကားရိုက်ဖူးတာမရှိပါဘူး။ရှုတင်မှာကို ကျနော်သူနဲ့စကား ဟက်ဟက်ပက်ပက် တခါမှမပြောခဲ့ဖူးဘူး။

ဒီပွဲမှာမှပြန်တွေ့ကြတာ ရှစ်နှစ်လောက်တောင် ကြာပြီးမှ ပြန်တွေ့ကြတာ။ကိုယ့်သူငယ်ချင်းလဲမဟုတ်ဘူး။သူငယ်ချင်းဆိုတဲ့အဆင့်မျိုးမှာလဲမဟုတ်ဘူး။အဲ့တာကြောင့် ကျနော်က ဂျူနီယာဆိုတဲ့စကားကိုပြောတာပါ” လို့ ဖြေရှင်းသွား ပါတယ်။ ပရိတ်သတ်တွေရဲ့အမြင်လေးတွေကိုလဲ ပြောပေးခဲ့ကြပါအုံးနော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*