မိုးအောင်ရင်ဆီက စရာမရှိအောင် အနှိမ်ခံလိုက်ရတဲ့ စကားကြောင့် မျက်ရည်တွေနဲ့ ပြန်လည်ဖြေရှင်းလာခဲ့တဲ့ လမင်းကဗျာ

မိုးအောင်ရင်ဆီက စရာမရှိအောင် အနှိမ်ခံလိုက်ရတဲ့ စကားကြောင့် မျက်ရည်တွေနဲ့ ပြန်လည်ဖြေရှင်းလာခဲ့တဲ့ လမင်းကဗျာ

ပရိသတ်ကြီးရေ လမင်းကဗျာ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ကိုင်ပြီး မိဘတွေကို ကျွေးမွေးပြုစုစောင့်ရှောက်နေခဲ့တဲ့ သူပဲဖြစ်ပါတယ်။လတ်တလောမှာလည်း လမင်းကဗျာကတော့ နောက်ထပ်အနုပညာခြေလှမ်းသစ်အနေနဲ့ DJ Moon ဆိုတဲ့ နာမည်နဲ့ DJ Artist တစ်ယောက်အနေနဲ့ ထပ်မံပြုလုပ်နေခဲ့ပါတယ်။

ခြေလှမ်းအသစ်အနေနဲ့ စတင်လုပ်ကိုင်ပေမဲ့ အချိန်တိုတိုအတွင်းမှာတင် အောင်မြင်မှုတွေပါရရှိနေခဲ့ပြီး Dj ကနေရတဲ့ အနုပညာကြေးတွေနဲ့လည်း မိဘတွေကို ကန်တော့ခဲ့ပါသေးတယ်။ ဒီဂျေတစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်တဲ့ လမင်းကဗျာဟာ သူနဲ့ သရုပ်ဆောင်ဘဝ ကတည်းက သိကျွမ်းခဲ့တဲ့ သရုပ်ဆောင် မိုး အောင်ရင်နဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် လက်ရှိမှာ ဂယက်ထနေရတာပဲဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ လမင်းကဗျာနဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ သူ့ပုခုံးပေါ်လမင်းကဗျာမှီလိုက်တဲ့ အချိန် ဆောင့်တွန်းချင်စိတ်ဖြစ်ပြီး သူ့ကိုစီနီယာ အနေနဲ့လေးစားပြီး ပုံတင်ဖို့ ခွင့်တောင်းသင့်ကြောင်း စသည်ဖြင့် လူသိရှင်ကြား အင်တာဗျူး ဗီဒီယိုဖြေကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူး ဗီဒီယိုမှာ တိုင်းသိပြည်သိ အရှက်ခွဲခံခဲ့ရတဲ့ လမင်းကဗျာဟာ သူမရဲ့ခံစားချက်ကို စိတ်မကောင်းဖြစ်နေတဲ့ အီမိုဂျီလေးတစ်ခုနဲ့ ဖော်ပြခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

လမင်းကဗျာနဲ့ မိုးအောင်ရင်ဟာ အရင်က ဇာတ်ကားတွေ အတူတူတွဲရိုက်ဖူးသလို လက်ရှိဒီ ဂျေတွေအဖြစ် ပြန်လည်တွေ့ဆုံစဉ်မှာလည်း ခင်မင်ခဲ့တဲ့အတိုင်း အတူတွဲပြီးဓာတ်ပုံရိုက်ခဲ့မိတာကြောင့် ပြဿနာတွေဖြစ်ခဲ့ရပြီး လမင်းကဗျာအနေနဲ့ တော်တော်လေး အရှက်ရစရာဖြစ်ခဲ့ ရတာပဲ ဖြစ်ပါတယ်။တစ်ခါမှအဲ့လိုမျိုး နှိမ်ပြီးတော့ အပြောမခံရဖူးဘူး။

ဒါ ဘဝမှာ ပထမဆုံးဘဲ။ညီမကို မျက်ရည်ခြူတယ်လို့လဲ အပြောမခံ နိုင်ဘူး။အရမ်းဝမ်းနည်းတယ်။ပွဲရှာတာလည်းမဟုတ်ဘူး။ပွဲကလည်း မရှာလည်း သူ့ဘာသူရနေတာဆိုတော့လေ ရှာစရာ လည်းမလိုဘူး။ပုံတင်လိုက်တာက အကို့အတွက်အရမ်းနစ်နာသွားတယ်ဆိုလို့ ရှိရင်ဒီနေရာကနေ ညီမတောင်းပန်ပါတယ်။သူ့ပွဲမဟုတ်ပါဘူး ရှင့်။

ညီမတို့စီစဉ်ကြတာလေ။သူငယ်ချင်း ဆယ့်နှစ်ယောက်shareပြီးတော့၁၂သိန်းကျတာ တစ်ယောက်၁သိန်း ရှဲ ပြီးတော့လုပ်တဲ့ပွဲပေါ့နော်။သူ့ပွဲမဟုတ်ဘူးရှင့်။ဟို ရောက်တော့မှ သူတီးမယ်ဆိုတာကို ညီမ သိလိုက်တာပေါ့ နော်။သိလိုက်တော့လည်း ပျော်ပါတယ်။မဆုံတာလည်းကြာ ပြီဆိုတော့ ညီမပျော်သွားတယ်။ပျော်ပြီးတော့ မတွေ့တာကြာပြီဆိုတော့ ညီမ ဓာတ်ပုံတွဲ ရိုက်လိုက်တယ်။

ည ပျော်နေကြတဲ့အချိန်ဆိုတော့ ဓာတ်ပုံ ရိုက်တဲ့အချိန် ခေါင်းလေးစောင်းလိုက်တာပေါ့နော်။ ပခုံးပေါ် မှီသလိုဖြစ်သွားတယ်ထင်တယ်။ညီမလည်းတမင်တကာ ရည်ရွယ်ပြီး လုံးဝရင်ခွင်ကြီးထဲဝင်ပြီး ရိုက်လိုက်တာ မဟုတ်ပါဘူး။Poseပေးလိုက်တာ အဲ့လိုကြီးဖြစ်သွားတယ်။အဲ့ပုံလေးကို ညီမက မနက်ကျမှဒီတိုင်းလေးပဲ ပေါ့ပေါးပါးပါး တင်လိုက်တာပေါ့နော်။တင်လိုက်တာတောင် ညီမ သူများတွေ တစ်မျိုးထင်ကြမှာစိုးလို့ captionမှာတောင်

“ဘယ်သူလေး တွေပါလိမ့်’ဆိုပြီးတော့ တင်လိုက်တယ်။တင်လိုက်တော့ တောင် မိုးမွှန်အောင်အဆဲခံရတယ်။နှစ်ယောက်ပေါင်းဆဲလို့ရ ပြီဆိုပြီးတော့။အကိုပြောသလိုမျိုးတော့ ရည်ရွယ်ချက်ရှိရှိနဲ့သူ့ကို အသုံးချ ပြီးတော့တင်လိုက်တာတော့ မဟုတ်ရပါဘူး။ကားရိုက်တုန်း ကလည်းခင်ခဲ့ဖူးတယ်။ဒါပေမယ့် အကိုကတော့ မခင်ဘူးလို့ ပြောတယ်။မမှတ်မိလို့နေမှာပေါ့နော်။ကားရိုက်တွေကလည်း အများကြီးဆုံဖူးတယ်ဆိုတော့လေခင်နေတော့ ဓာတ်ပုံလေးရို က်လိုက်တယ်။

ရှူတင်မှာဆိုလည်း ကိုကြီးပြေတီဦး ကိုကြီးမြ င့်မြတ်တို့နဲ့ဆုံရင်လည်း လမင်းကဓာတ်ပုံရိုက်ပြီး တင်တတ်တဲ့အကျင့်ရှိတယ်။အဲ့နေ့ကလည်း ဓာတ်ပုံရိုက်ပြီဆိုတာကလည်း တင်မလို့ရိုက်လိုက်တာပဲလေနော်။ဖုန်းထဲမှာ အမှတ်တရသိမ်းထားဖို့မဟုတ်ဘူး။တင်မလို့ရိုက်လိုက်တာ။ ခွင့်မတောင်းဘဲနဲ့တင်လို့ စိတ်ဆိုးသွားတာဆိုလို့လေ။

ခွင့်တောင်းဖို့မလိုဘူးထင်လို့ ပေါ့ပေါ့ပါးပါးပဲတင်လိုက်မိတာပါ။တင်ပြီးပြီးချင်း သုံးလေးငါးနာရီလောက်ကြာတော့ အကို့ ကောင်မလေး အမ မြသဉ္ဇာလီက လာပြောတယ်။အဲ့ပုံ ဖျက်ပေးပါတဲ့။အကိုအရမ်းစိတ်ဆိုးနေတယ်တဲ့။ Groupတွေ ထဲမှာ မတင်ပါနဲ့တဲ့။ Groupတွေထဲမှာကျ သူများတွေကယူ တင်တာပါ။ ညီမတို့ကို စချင် Troll ချင်လို့ယူတင်တာပေါ့ နော်။အဲ့လိုလေးပြန်ပြောပြီး ချက်ချင်းဖျက်ပေးလိုက်ပါ တယ်။

အကိုမကြိုက်ဘူးဆိုရင် ညီမတောင်းပန်ပါတယ်နော်လို့ လည်းပြောလိုက်သေးတယ်။သတင်းတက်တက်လာချင်းတုန်းကတော့ စိတ်မကောင်း ဖြစ်တယ်။မျက်ရည်ပါကျတယ်။အဲ့လောက်ပါပဲ။ဆောင့်တွန်း လိုက်ချင်တယ်တို့ဘာတို့ပြောတယ် စိတ်မကောင်းဖူး။ဒီ သတင်းက ကြည့်တဲ့သူတွေလဲအများကြီးဆိုတော့လေစိတ်မ ကောင်းဖြစ်တာ။အရမ်းဝမ်းနည်ရတယ်“ လို့ ပြောသွားပါတယ်။ လမင်းကဗျာအတွက် အားပေးစကားလေးပြောပေးခဲ့ပါအုံးနော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*