“ဝိပါက” ဇာတ်လမ်းတွဲမှာ အားမရခဲ့တဲ့ ဇာတ်၀င်ခန်းတစ်ခုကို ထုတ်ပြောပြလာတဲ့ သရုပ်ဆောင် မာန်ဟိန်း

“ဝိပါက” ဇာတ်လမ်းတွဲမှာ အားမရခဲ့တဲ့ ဇာတ်၀င်ခန်းတစ်ခုကို ထုတ်ပြောပြလာတဲ့ သရုပ်ဆောင် မာန်ဟိန်း

ပရိသတ်ကြီးရေ “ဝိပါက”ဇာတ်လမ်းတွဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားမာန်ဟိန်းဟာဆိုရင် ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေတော်တော်များများသိရှိနေပြီပဲဖြစ်ပါတယ်။

မနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ “ဝိပါက” ဇာတ်လမ်းတွဲ အပိုင်း (၃၇) မှာ ကျော်စွာတစ်ယောက် မူး ယစ် ဆေး သုံးစွဲပြီး သူကိုယ်တိုင် အစဖျောက်ခဲ့တဲ့ မိန်းမနဲ့ တိတ်တိတ်ပုန်းမယားကို ပြန်မြင်ယောင်တဲ့ အခန်းကို ပရိသတ်ကြီး ကြည့်ရှုပြီးဖြစ်ပါတယ်။

အဆိုပါ ဇာတ်ဝင်ခန်းမှာ မာန်ဟိန်းဟာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့ပေမယ့် သူ့ကိုယ်သူကျေနပ်အားရမှုမရှိဘူးဆိုပြီး “ဒီနေ့တော့ ကျွန်တော် တော်တော်ညံ့တယ်။

ကျွန်တော် အများကြီး ကြိုးစားရဦးမယ် . . .” ဆိုပြီး ပြောလာပါတယ်။မာန်ဟိန်းကတော့ သူသရုပ်ဆောင်တဲ့ နေရာမှာ အများကြီးကြိုးစားရဦးမယ်လို့ ဆိုပေမယ့် ပရိသတ်တွေကတော့ အဆိုပါဇာတ်ဝင်ခန်းကို နှစ်ခြိုက်နေကြပြီး မာန်ဟိန်းရဲ့ သရုပ်ဆောင်မှုကို ချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။

မာန်ဟိန်းတစ်ယောက် ပရိသတ်တွေချီးကျူးမှုကို ဒီထက်မကခံယူရရှိပြီး အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*