ဒီနေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ တေးသံရှင် ပိုပို

ဒီနေ့ညနေပိုင်းမှာ အကျဉ်းချခံနေရာက နေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ တေးသံရှင် ပိုပို

ပိုပိုကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်း လေးတွေကို သီဆိုတတ်သူဖြစ်ပြီး သူမရဲ့သီချင်းလေး တွေဟာ နားထောင်လို့ ကောင်းနေဆဲပါ။ ချစ်စရာ ကောင်းလွန်းတဲ့ အပြုံးလေးတွေရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပိုပိုကတော့ ယခုမှာ သီချင်းသစ်တွေလဲ ထွက်ရှိဖို့ ကြိုးစားနေတာ ကိုလည်း တွေ့ရပါတယ်။ သူမရဲ့ချစ်စဖွယ်အမူအရာ လေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ် နေရတာပါနော်….။

သူမ ဟာ သီချင်းဆိုရာမှာတော်လွန်းရုံမက အမှန်တရား အတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။ ဒါ ကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်း စိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အဆိုတော် ပိုပို ဟာ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတာ ကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါ တယ်။

သီချင်းကောင်းလေးတွေကို အမြဲတမ်းသီဆို တတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ စစ် အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တာ ကြောင့် ဖမ်းဆီး အကျဉ်းချခံခဲ့ရတာပဲဖြစ်ပါ တယ်။ ပိုပိုဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံထားရတာဖြစ်ပြီး သူမအနေနဲ့ စတင် ဖမ်းဆီးခံခဲ့ရစဉ်ကတည်းက အမိန့်ချမှတ်ခံခဲ့ရတဲ့ အထိကို ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် တောက်နေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်အချိန် ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ပိုပိုနဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ခုကို ဖေ့ စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ဒီကနေ့ ညနေပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာခဲ့ပြီလို့ ပြောဆိုနေကြတာဖြစ်ပြီး သူမနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်တဲ့ DJ Kandi K က လည်း “စောင့်နေတဲ့နေ့ရောက်လာပြီ ပျော်လိုက် တားဆီ ချစ်ပိုရေ…” ဆိုပြီး သူမရဲ့ ဖေ့စ် ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပိုပိုက အမှန်တကယ်ပဲ လွတ်မြောက်လာခဲ့ပြီလား ဆိုတာကတော့ အခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ချစ်တဲ့ပရိသတ်တွေ ကတော့ ပိုပို တကယ်ပဲပြန်လည်လွတ်မြောက် လာပါစေလို့ ဆုတောင်းနေကြတာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*