ဗျူးတီးဘလော့ဂါ မဝင်းမင်းသန်းလည်း ပြန်လည်လွတ်မြောက်လာပြီဟုဆို …

ဗျူးတီးဘလော့ဂါ မဝင်းမင်းသန်း ပြန်လည်လွတ်မြောက်လာပြီဟုဆို …

အလှအပရေးရာဘလော့ဂါ ဝင်းမင်းသန်းသည် ယနေ့ အောက်တိုဘာ (၂၈)ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၅၀၅(က) နှင့် ဖမ်းဆီခံထားရသည့် မဝင်းမင်းသန်းသည် အကျဉ်းထောင်အတွင်း တစ်နှစ်ခွဲနီးပါး နေခဲ့ရခြင်းဖြစ်ပြီး ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

” မဝင်းမင်းသန်း ပြန်လွတ်ပါပြီ။ ၁၀၀ ရာခိုင်နှုန်း ကွန်းဖန်းပါ” ဟု နီးစပ်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ယနေ့တွင် ပြည်သူချစ်အဆိုတော် ပိုပိုလည်း အင်းစိန် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နေအိမ်တွင် ကျန်းမာစွာ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်း၏ မန်နေဂျာက ပြောကြားထားသည်။

၎င်းတို့နှင့်အတူ ဒါရိုက်တာ မိုက်တီးပါ ပြန်လည် လွတ်မြောက်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်က ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်းနှင့် ဒါရိုက်တာ မိုက်တီးအနေနှင့်အဆက်အသွယ်မရသေးကြောင်းပြောကြားသည်။

Be the first to comment

Leave a comment

Your email address will not be published.


*