အမေအရွယ် စပွန်ဆာမမ မေမေလေးမြသဉ္ဇာလီကိုတော့ မလွန်ဆန်ရဲဘူးဆိုတဲ့ မိုးအောင်ရင်

အမေအရွယ် စပွန်ဆာမမ မေမေလေးမြသဉ္ဇာလီကိုတော့ မလွန်ဆန်ရဲဘူးဆိုတဲ့ မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စကြောင့် အမှုအခင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အခုဆိုရင် ပြဿနာတွေ ရှင်းလင်းပြီး ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိ လာခဲ့ပြီပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်က အခုဆိုရင် DJ တစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို ထပ်မံလုပ်ကိုင်နေပြီဖြစ်ပြီး ပွဲတီးနေလျက်ရှိပြီပဲ ဖြစ်ပါတယ်။

လက်တလာမှာတော့ မိုးအောင်ရင်ဟာ DJ Moon လိုခေါ်တဲ့ သရုပ်ဆောင် လမင်းကဗျာနဲ့ ပတ်သက်ပြီး လူမှူကန်ယက်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိနေတာပဲဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ သူ့ရဲ့ပုခုံးမှာ မှီပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ လမင်းကဗျာကို အင်တာဗျူးဗီဒီယိုမှာ ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ချစ်သူဖြစ်တဲ့ သရုပ်ဆောင်ဟောင်း မြသဉ္ဇာလီကိုတော့ မလွန်ဆန်နိုင်ကြောင်း

“ရှေ့တစ်ယောက်ကိုတော့ ရှင်းရဲတယ်.. နောက်တစ်ယောက်ကိုတော့မရှင်းရဲဘူး..မေမေလးဖြစ်နေလို့..ဖေဖေဆူလိမ့်မယ်…😁😁😁” ဆိုပြီးသူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ ကျန်တဲ့သူတွေကို ဘယ်လောက်ပဲပြောနိုင်ပြောနိုင် မေမေလေးလို့ ခေါ်တဲ့ မြသဉ္ဇာလီကိုတော့ မလွန်ဆန်နိုင်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောလာ ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိသတ်တွေနဲ့အတူတူ အနုပညာလောကသားတွေက ဇာတ်ပို့သရုပ်ဆောင်ဆိုပြီး လမင်းကဗျာကိုခွဲခြားဆက်ဆံခဲ့တဲ့ မိုးအောင်ရင်အပါ် ဝေဖန်မှုတွေရှိနေတာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*