သိပ်ချစ်လွန်းလို့ လက်ထပ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူဆီက အရိုက်အနှက်ခံတဲ့ တေရာပါမယ့် ဒဏ်ရာအမာရွတ်ကို ထုတ်ပြလာခဲ့တဲ့ ခင်ရတနာစိုး …

သိပ်ချစ်လွန်းလို့ လက်ထပ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူဆီက အရိုက်အနှက်ခံတဲ့ သေရာပါမယ့် ဒဏ်ရာအမာရွတ်ကို ထုတ်ပြလာခဲ့တဲ့ ခင်ရတနာစိုး …

ပရိတ်သတ်ကြီး ခင်ရတနာစိုးကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက် အဖြစ်ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်ရတနာစိုးဟာ ပြိုင်ပွဲပြီးဆုံးပြီးချိန်မှာ ကပ်ရောဂါ အခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာလမ်းကြောင်းပေါ်ကို ရောက်သင့်သလောက် မရောက်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူ သိများလာခဲ့တဲ့ ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ကတည်းက အိမ်ထောင်ရှိသူ အဖြစ် ပရိသတ်ကိုချပြထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခင်ရတနာစိုးရဲ့ အိမ်ထောင်ရေးဟာ နောက်ကွယ်မှာတော့ အဆင်မပြေမှုတွေရှိကာ အိမ်တွင်း အ ကြ- မ်း ဖက်မှုတွေလည်းရှိကြောင်း မကြာသေးခင်အချိန်ကမှ ခင်ရတနာစိုးက ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ရတနာစိုးရဲ့ မိခင်ကတော့ သမီးဖြစ်သူကို အိမ်ထောင်ကွဲမဖြစ် စေချင်တဲ့အတွက် ပြန်လည်ညှိနှိင်းကြဖို့ တိုက်တွန်းပေမယ့် ခင်ရတနာစိုးကတော့ သူမအမေကိုလည်း သူမဖက်က အခြေအနေကို ပြောပြခဲ့ပါတယ်။အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ခဲ့သူ ခင်ရတနာစိုးကတော့ ပြိုင်ပွဲဝင်ချိန်ကစလို့ အချိန်တိုင်းမှာ အတိုက်အခိုက်တွေ ကြုံခဲ့ရပြီး

အောင်မြင်ခဲ့ပေမယ့်လည်း အိမ်ထောင်ရေးမှာတော့ ကံခေတယ်ဆိုရမလို ကံမကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့တဲ့အကြောင်းကို ကြာသေးမှီကမှ ချပြခဲ့သူပါ.။ခင်ရတနာစိုးကတော့ ကွာရှင်းဖို့ ယတိပြတ် ဆုံးဖြတ်လိုက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်နဲ့ အကြောင်းပြချက်တွေ အပေါ်မှာ သူမရဲ့ မိခင်ဖြစ်သူနဲ့ တစ်ချို့သော လူတွေရဲ့ တားမြစ်မှုတွေကြား ခက်ခဲနေဆဲပါ။

နာမည်စတင်ကြီးစကတည်းက အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ ခင်ရတနာစိုးဟာ ပရိသတ်တွေထင်သလိုတော့ သူမရဲ့ အိမ်ထောင်ရေးက ချောမွေ့ခြင်းမရှိပါဘူး။ ခင် ရတနာစိုးဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူမ ရဲ့ခင်ပွန်းသည်ဆီက အိမ်တွင်း အ-ကြမ်း-ဖက် ခံ ခဲ့ရပြီး သူမကို လူလည်ခေါင်မှာ Yite နှက်ခြင်း၊ ဆဲဆိုခြင်းတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမ အ-ကြမ်း- ဖက် ခံ ခဲ့ရတဲ့ သက်သေအနေနဲ့ သူမရဲ့ ပုခုံးပေါ်က အမာရွတ်ပုံကို ထင်ရှားစွာပြသလာခဲ့ပြီး #domesticviolence #Since2018 ဆိုပြီး ပွင့်လင်းစွာချပြလာပါတယ်။ခင်ရတနာစိုးဟာ အသက်ငယ်ရွယ်သေးတဲ့အချိန် မှာပဲ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ပြီး အဆိုပါ အိမ်ထောင်ရေးဟာလည်း သူမအတွက် ပူလောင် မှုတွေကိုပဲ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခင်ရတနာစိုးဟာ သူမရဲ့ အမျိုးသားနဲ့ ခွဲနေတဲ့ အနေအထားပဲရှိသေးပြီး တရားဝင်ကွာရှင်း ပြတ်ဆဲခြင်းမရှိသေးပါဘူး။

Be the first to comment

Leave a comment

Your email address will not be published.


*