အိမ်ကိုပြန်ရောက်ပါပြီ လွမ်းနေခဲ့ပါတယ်ဆိုပြီး ချစ်ပရိတ်သတ်တွေအတွက် ဓါတ်ပုံလေးတင်ပေးလာတဲ့ အဆိုတော် ပိုပို

အိမ်ကိုပြန်ရောက်ပါပြီ လွမ်းနေခဲ့ပါတယ်ဆိုပြီး ချစ်ပရိတ်သတ်တွေအတွက် ဓါတ်ပုံလေးတင်ပေးလာတဲ့ အဆိုတော် ပိုပို

အဆိုတော် ပိုပိုကတော့ သီချင်းတွေကို ကိုယ်တိုင် ရေး၊ ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ် ပါတယ်။ ပိုပိုဟာ အနုပညာမှာလည်း ထူးချွန်သူတစ် ယောက်ဖြစ်ပြီး အမှန်တရားကိုလည်း ရဲရဲဝံ့ဝံ့ရပ်တည် ရဲတာကြောင့် ပရိသတ်တွေက သူရဲကောင်းမလေးဆို ပြီး ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။

ပိုပိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ပိုပို ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက သူမ ကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက် သူမရဲ့လက်ရှိ ပုံလေးကို မျှဝေကာ

“အိမ်ကို လာချစ်ခြင်းတွေ ပေး သောတူ တူမလေးတွေ နဲ့ 2 အားလုံးရဲ့ ချစ်ခြင်း မေတ္တာများကြောင့်အိမ်ကို ပြန်ရောက်ပါပြီရှင် လွမ်း နေခဲ့ပါတယ် . ညီ” ဆိုပြီး ပရိသတ်တွေကို လွမ်းနေ တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ပိုပိုကတော့ အပြုံးပန်းတွေဝေဆာပြီး ပရိသတ်တွေ ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အများကြီးပင်ပန်းခဲ့ရတဲ့ ပိုပိုတစ်ယောက် ကောင်းကောင်းအနားယူပြီး ပျော်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*