ကိုယ့်ပုခုံးပေါ်မှာ မှီခွင့်ရှိတဲ့သူဆိုပြီး ခပ်ချေချေ ထုတ်ပြလာတဲ့ မိုးအောင်ရင်

ကိုယ့်ပုခုံးပေါ်မှာ မှီခွင့်ရှိတဲ့သူဆိုပြီး ခပ်ချေချေ ထုတ်ပြောပြလာတဲ့ မိုးအောင်ရင်

အဆိုတော် အောင်ရင်ရဲ့သား မိုးအောင်ရင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ အခုဆိုရင် ဒီဂျေတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပြီး အနုပညာအလုပ်တွေကို မျိုးစုံလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးအောင်က ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်သေးပဲ ဒီဂျေစိုင်းဆိုတဲ့ နာမည်နဲ့ နှိုက်ကလပ်တွေမှာ ပွဲတွေတီးနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က သရုပ်ဆောင် မိုးအောင်ရင်နဲ့ လမင်းကဗျာတို့နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ပွဲဆူခဲ့ပါသေးတယ်။ မိုးအောင်ရင်က သူ့ရဲ့ပခုံးကိုမှီပြီး

ဓာတ်ပုံရိုက်ခဲ့တဲ့ လမင်းကဗျာကို ဆောင့်တွန်းချင်စိတ်ဖြစ်တယ်ဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့တာကြောင့် ဝေဖန်မှုတွေ များပြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုးအောင်ရင်က ဝေဖန်မှုတွေကို ဂရုမစိုက်စွာနဲ့ “ကိုယ့်ပခုံးပေါ်ကို ကော်ရီးတွေမှီတာပဲကြိုက်တာ..”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မိုးအောင်ရင်ကတော့ အရင်ကတည်းက ဇာတ်ကားတွေမှာ ခင်မင်ရင်းနှီးပြီးသားဖြစ်တဲ့ လမင်းကဗျာ ပခုံးကိုလာမှီတာကို ဆောင့်တွန်းချင်စိတ်ဖြစ်ပြီး သူ့ရဲ့ ပခုံးကိုမှီဖို့လူကို သက်မှတ်ထားတယ်ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*