မန်နေဂျာလုပ်သမျှ အရာအားလုံးကို သည်းမခံနိုင်တော့လို့ ချစ်ခြင်းမုန်းခြင်းမပါဘဲ လမ်းခွဲလိုက်ပါပြီဆိုပြီး ပြောလာတဲ့ ခင်ဝင့်ဝါ

မန်နေဂျာလုပ်သမျှ အရာအားလုံးကို သည်းမခံနိုင်တော့လို့ ချစ်ခြင်းမုန်းခြင်းမပါဘဲ လမ်းခွဲလိုက်ပါပြီဆိုပြီး ပြောလာတဲ့ ခင်ဝင့်ဝါ

သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါကတော့ အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ Miss Supranational 2013 ရဲ့ Miss Internet Award ဆုအပါအဝင် အလှမယ်ဆု (၄) ဆုအထိ ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ် ကျော်ကြားလာပြီး ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကို ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမရဲ့ မန်နေဂျာနဲ့ ရှေ့ဆက်ပြီး အလုပ်ဆက်တွဲလုပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ အသိပေးလာပါတယ်။ ခင်ဝင့်ဝါက “ကျွန်မ၏မန်နေဂျာတစ်ဖြစ် ကျွန်မ၏ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးခဲ့ဖူးသော ကိုဇော်ထူးအောင် (ခ) ဇော် နှင့် လွန်ခဲ့သော (၁) လခန့်မှစတင်ပြီး မည်သည့်လုပ်ငန်းကိစ္စများကိုမှ လုပ်ဆောင်ခြင်းအလျဉ်းမရှိတော့ကြောင်း၊ ချစ်ခြင်း မုန်းခြင်းမပါသော လမ်းခွဲခြင်းဖြစ်ပြီး အရင်လိုခင်မင်ရင်းနှီးယုံကြည်စွာ အလုပ်များ အတူတွဲလုပ်တော့မည် မဟုတ်ကြောင်း

အသိပေးရင်း နောက်နောင် သူနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမယ်မဟုတ်ပါ” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “ကျေးဇူးရှိမှ ကျေးစွတ်တာ။ သူတို့လုပ်သမျှ သည်းခံနေရင် ကိုယ်သည်လူကောင်း သည်းမခံတဲ့နေ့ လူဆိုးဖြစ်သွားရော ” ဆိုပြီး ခံစားချက်တွေ ဖွင့်ဟလာပါတယ်။ခင်ဝင့်ဝါကတော့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့်

ယခင်က သူမရဲ့အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ မန်နေဂျာနဲ့ အခုချိန်မှာ အလုပ်တွေဆက်တွဲလုပ်ဖြစ်တော့မှာမဟုတ်ကြောင်း အားလုံးသိအောင် ကြေငြာလာခဲ့တာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါကတော့ အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ Miss Supranational 2013 ရဲ့ Miss Internet Award ဆုအပါအဝင် အလှမယ်ဆု (၄) ဆုအထိ ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။

ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ် ကျော်ကြားလာပြီး ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကို ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမရဲ့ မန်နေဂျာနဲ့ ရှေ့ဆက်ပြီး အလုပ်ဆက်တွဲလုပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ အသိပေးလာပါတယ်။

ခင်ဝင့်ဝါက “ကျွန်မ၏မန်နေဂျာတစ်ဖြစ် ကျွန်မ၏ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးခဲ့ဖူးသော ကိုဇော်ထူးအောင် (ခ) ဇော် နှင့် လွန်ခဲ့သော (၁) လခန့်မှစတင်ပြီး မည်သည့်လုပ်ငန်းကိစ္စများကိုမှ လုပ်ဆောင်ခြင်းအလျဉ်းမရှိတော့ကြောင်း၊ ချစ်ခြင်း မုန်းခြင်းမပါသော လမ်းခွဲခြင်းဖြစ်ပြီး အရင်လိုခင်မင်ရင်းနှီးယုံကြည်စွာ အလုပ်များ အတူတွဲလုပ်တော့မည် မဟုတ်ကြောင်း အသိပေးရင်း နောက်နောင် သူနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမယ်မဟုတ်ပါ” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် “ကျေးဇူးရှိမှ ကျေးစွတ်တာ။ သူတို့လုပ်သမျှ သည်းခံနေရင် ကိုယ်သည်လူကောင်း သည်းမခံတဲ့နေ့ လူဆိုးဖြစ်သွားရော ” ဆိုပြီး ခံစားချက်တွေ ဖွင့်ဟလာပါတယ်။ခင်ဝင့်ဝါကတော့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် ယခင်က သူမရဲ့အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ မန်နေဂျာနဲ့ အခုချိန်မှာ အလုပ်တွေဆက်တွဲလုပ်ဖြစ်တော့မှာမဟုတ်ကြောင်း အားလုံးသိအောင် ကြေငြာလာခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*