သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးကို Fb မှာရှယ်မိလို့ ဝေဖန်ခံနေရတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ သရုပ်ဆောင် ဖွေးဖွေး

သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးကို Fb မှာရှယ်မိလို့ ဝေဖန်ခံနေရတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ သရုပ်ဆောင် ဖွေးဖွေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောဖွေးဖွေးဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီး တစ်လက်လဲ ဖြစ်ပါတယ်နော်။

မိုးကုတ် သူလေးဖြစ်တဲ့ ဖွေးဖွေးဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့ တာကြောင့် ပရိသတ်တွေ အချစ်ပိုကြရပြန်ပါတယ်။

မင်းသမီးဖွေးဖွေးဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ကနဲ့ အိမ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ ပြီးခဲ့တဲ့လတွေကမှ ဝရမ်းပယ် ဖျက်ခံရပြီး ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိ လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးဟာ ” ရည်းစားရွေးနည်း ” ဆိုတဲ့ သူမလွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးကို သူမရဲ့ဆိုရှယ်မီဒီယာထက် မှာ Share ပေးထားတာနဲ့ ပတ်သက်ပြီး

သူမရဲ့ ပရိသတ်များထဲမှ ဝေဖန်သူတစ်ချို့ ရှိနေတာကြောင့်,, လွန်ခဲ့တဲ့ ၃-၄ နှစ်က အရမ်းးးးးပျော်ပြီးရိုက်ထားတဲ့ ကားလေး…နောက်ထပ်ရုံတင်ဖို့လဲ ရိုက်ထားတာ 2020 က၂ ကားလောက်ပဲကျန်တော့တယ် နောက် အသစ်ရိုက်ထားတာတော့ ဒီ၂ နှစ်အတွင်းမရှိတော့ဘူး ကြည့်ချင်လဲ ကြည့်ကြ မကြည့်ချင်လဲမကြည့်ကြနဲ့ (လေသံဖျော့ဖျော့နှင့်ဖတ်ရန်) ” ဆိုပြီး ပြန်လည်ဖြေ ရှင်းထားတာတွေ့လို့ ပရိသတ်ကြီးအတွက်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*