မင်းသားက သူမနဲ့ဆို မရိုက်နိုင်ဘူးပြောလို့ နယ်ကနေ ညတွင်းချင်း ရရာကားစီးပြီး ပြန်လာခဲ့ရတဲ့ အလှမယ်သင်းသင်း

မင်းသားက သူမနဲ့ဆို မရိုက်နိုင်ဘူးပြောလို့ နယ်ကနေ ညတွင်းချင်း ရရာကားစီးပြီး ပြန်လာခဲ့ရတဲ့ အလှမယ် သင်းသင်း

အလှမယ် သရုပ်ဆောင် သင်းသင်းကတော့ လှပလွန်းတဲ့ခန္ဓာကိုယ် အချိုးအစားနဲ့အတူ လျှောက်လမ်းတိုင်းမှာ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ပြီး အကောင်းဆုံး လျှောက်လှမ်းနိုင်ခဲ့တာကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုများကို ရရှိပိုင်ဆိုင်ထားတဲ့ အလှမယ် တစ်ဦးပဲ ဖြစ်ပါတယ်နော်။

အရင်က လူမှုရေးပြသနာတွေ တက်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ရင်း ဘဝကို ကြိုးကြိုးစားစားနဲ့ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါတယ်။

လူမှုရေး ပြသနာများကြောင့် သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရာမှာတော့ တချို့သော အနုပညာရှင်များရဲ့ ခွဲခြားနှိမ်ချ ဆက်ဆံတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါမှာလည်း နယ်ရိုက်ကွင်းတခုမှာ ရိုက်ကူးရေးလုပ်နေရင်း မင်းသားတစ်ယောက်က သူမနဲ့ဆိုရင် ရိုက်ကူးရေး မလုပ်နိုင်ဘူးလို့ ပြောလာခဲ့တာကြောင့် ညတွင်းချင်း ပြန်လာခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့တာပါ။

“အဲဒီမင်းသားက သင်းသင်းနဲ့ မရိုက်နိုင်ဘူး ပြောလို့ နယ်မှာ ရိုက်နေတဲ့ ရိုက်ကွင်းကနေ ညတွင်းချင်း ရရာကားစီးပြီး ပြန်ခဲ့ရတယ် ရှက်တာရော၊ ဝမ်းနည်းတာရော ပေါင်းပြီး၊ တော်တော်ခံစားခဲ့ရတယ် သင်းသင်း ရိုက်ရမဲ့ အခန်းတွေအားလုံး ရိုက်ကူးပီပီ မင်းသားနဲ့ရိုက်ရမဲ့အခန်းပဲ ကျန်တာပါ။

အောင်မြင်ကျော်ကြားနေတဲ့ မင်းသား၊မင်းသမီးတွေက သူမအပေါ်မှာ နွေးထွေးဖေးမပေမဲ့လည်း တချို့သော မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်ကြတယ် ဒီနေ့အချိန်အထိ ရပ်တည်နေနိုင်အောင် မနည်းအားတင်း ဖြတ်ကျော်နေရတာပါ

ရိုက်ကွင်းက လှည့်ပြန်လာတဲ့အချိန် အားလုံးက ဝိုင်းကြည့်နေကြတော့ မငိုမိအောင် ကိုယ့်စိတ်ကိုထိန်းပြီး လှည့်ပြန်လာခဲ့ရတာပါ”ဆိုပြီးဝမ်းနည်းမျက်ရည်တွေနဲ့ ရင်ဖွင့်ပြောပြလာခဲ့တာပါ။သင်းသင်းကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့ကလည်း သင်းသင်းတွက် အားပေးစကားလေး ပြောပေးခဲ့ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*