မီး (၁၂) ပါးဟုဆိုသော မဆောင်သင့်သော ပန်းအညွှန့်များ အကြောင်

မီး ၁၂ ပါးဟုဆိုနိုင်သော မဆောင်သင့်သော ပန်းအညွှန့်များ အကြောင်း

မီး ၁၂ ပါးဟုဆိုနိုင်သော မဆောင်သင့်သော ပန်းအညွှန့်များ အကုသိုလ်ဓာတ်ပါသော မကောင်းကျိုးပေးစွမ်းနိုင်သော ပန်းအညွန့်များမှာ.. (၁) ဇော်စိမ်း/ ဇော်ကျား (၂) ဒေါန/ နှင်းဆီ/ စပယ် (၃) ကြက်မောက်/ စီးပွားဂမုန်း (၄) နှင်းပန်း/ တရုတ်စကား (၅) စကားစိမ်း/ တမာ (၆) ပိတောက် နဂါးစက်ပန်းများကို ဆောင်ခြင်း ပန်ခြင်း မပြုကောင်း အထက်ဖေါ်ပြပါပန်းများသည် မွေပွေး (၁၂ ) ကောင်ဟု သျှင်ပြန်ဆရာတော်မှ မိန့်ကြားဘူးပါသည်။

ထို (၁၂) မျိုးသော ပန်းများသည် ပြုစားတတ်သော စုန်းကဝေများဖြစ်ပါသည်။ မကောင်းသောအတိတ်နှိမိတ်များနှင့် မကောင်းသောအကျိုးကိုသာပေးတတ်ပါသည်။ မီး ၁၂ ပါးဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ ၎င်းပန်းများကို လှူမိ၊ ပန်မိ၊ ဆောင်မိလျှင် မိသားစု စိတ်ဝမ်းကွဲခြင်း၊ အိမ်တွင်းရေးဆူပူမှု့ဖြစ်ခြင်း၊ ကျမ်းမာရေး ဖေါက်ပြန်ခြင်း၊ အမှုပြဿနာပေါ်တတ်ခြင်းသောကများတတ်ခြင်းတို့ ဖြစ်တတ်ပါသည်။

ပန်းနဲ့ပတ်သက်၍ အထူးပြစရာ “စပယ်၊ နှင်းဆီ… ရည်းစားဦး၊ အချစ်ဦးနဲ့ ကွဲတတ်၏ လင်မယာချင်း အထင်လွဲတတ်ခြင်း၊ အိမ်ထောင်ဦး ပျက်တတ်ခြင်း၊ ခွဲပြီးနေရတတ်ခြင်းတို့ဖြစ်တတ်၏။ ဇော်စိမ်း၊ ဇော်ကျား.. သောကဗျာပါဒများ၍ ရှုပ်ထွေးတတ်၏ စီးပွားပျက်တတ်၏။ အောက်လက်ငယ်သားသမီးများ ထော်လော်ကန့်လန့် လုပ်တတ်၏ အမှုဖြစ်တတ်၏။

ဒေါန၊ နှင်းပန်း… လာက်ပိတ်တတ်၏ ဝင်ငွေနည်း၍ ထွက်ငွေများတတ်၏။ ကျမ်းမာရေး ကျဆင်းတတ်၏ ဒုကခသည် အပူသည်များဝင်လာတတ်၏။ တရုတ်စကား၊ စကားစိမ်း၊ ကြက်မောက်… အမှုနှင့် ပြဿနာတက်တတ်၏။ ကပ်လှူသင့်သော ပန်းအညွန့်များ ဤကမ္ဘာလောကကြီး၌ ကြှနျုပျတို့နထေိုငျရာသညျ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းဖြစ်ပါသည်။ ထို့ကြောင့် ကပ်လှူပေါ်ဇော်သင့်သော ပန်းများ၊ အညွန့်များမှာ သပြေပန်း၊ ဂန္ဒမာပန်းအဖြူ/အဝါ၊ မေမြို့ပန်း၊ မြတ်လေးပန်း၊ သရဖီပန်း၊ ငွေပန်း၊ ဂန့်ဂေါ်ပန်း၊ သစ္စာပန်းများဖြစ်ပါသည်။

ဤ ၈ မျိုးသောပန်းများသည် မြက်စွာဘုရားနှင်တကွ အနန္တောအနန္တ (၅) ပါးအား ကပ်လှူပူဇော်ရပါမည်။ အထက်ပါ(၈)မျိုးသောပန်းများသည် ကုသိုလ်ဓာတ်ပန်းများဖြစ်သောကြောင့် မင်္ဂလာနှင့်ပြည့်စုံသည်။ ကျက်သရေနှင့်လည်းပြည့်စုံသည်။ အေးမြကြည်လင်သော ကောင်းကျိုးမင်္ဂလာနှင့်ပြည့်စုံသောပန်းများဟု မှတ်ယူသင့်သည်။ ဤ ကုသိုလ်ဓာတ် မင်္ဂလာကျက်သရေနှင့်ပြည့်စုံသော ပန်း (၈) မျိုးကိုသာ ကပ်လှူခြင်း၊ ပူဇော်ခြင်း၊လှူဒါန်းခြင်းများပြရပါမည်။ အထူးသတိပြကြရန်ဖြစ်ပါသည်။

“မလှူသင့်၊ မဆောင်သင့်သောပန်း၊ အညွန့်များ အကုသိုလ်ဓာတ်ပါသောပန်းများ၊ဒေါသနှင့်မကောင်း ကျိုးကိုသာပေးစွမ်းနိုင်သောပန်းများ၊ အညွန့်များမှာ. ဇော်စိမ်းပန်း၊ ဇော်ကျားပန်း၊ ဒေါနပန်း၊ နှင်းဆီပန်း၊ စပယ်ပန်း၊ ကြက်မောက်ပန်း၊ လူအများသတ်မှတ် ထားသော စီးပွားဂမုန်းပန်း၊ နှင်းပန်း၊ တရုတ်စကားပန်း၊ စကားစိမ်းပန်း၊ တမာညွန့်၊ ပိတောက်ပန်း၊ နဂါးစက်ပန်း စသော ဤ(၁၂) မျိုးသောအညွန့် ပန်းများသည် အကုသိုလ်ဓာတ်ပါသော ပန်း အညွန့်များဖြစ်ကြသည်။

မဆောင်ကောင်း၊ မဆောင်ထိုက်၊ မပန်ကောင်း၊ မပန်ထိုက် မနှစ်သက်ကောင်း လောကီနည်းအရ ဘုရားစသော အနန္တောအနန္တ (၅)ပါးအားမလှူကောင်း မလှူအပ် သတိထားပါ။ ဤ (၁၂) မျိုးသောပန်းများသည် အဆိပ်ပြင်းထန်သော မွေပွေး (၁၂) ကောင်ဟု ဆရာတော် ညွှန်ပြအပ်ပါသည်။ ထိုပန်း (၁၂) မျိုးသည် ပြုစားတတ်သော ပန်းများဖြစ်သောကြောင့် အထူးသတိထားရမည်။ “စေတနာ မေတ္တာတရားဖြစ် မျှဝေလိုက်ပါသည်။

အားလုံး ဘေးရန်ကြောင့်ကျကင်းရှင်းကြပါစေ” မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a comment

Your email address will not be published.


*