ကျေးလက်က ချစ်စရာ တောပန်းလေးတပွင့်ပါဆိုတဲ့ သရုပ်ဆောင် မေမီကိုကို

ကျေးလက်က ချစ်စရာ တောပန်းလေးတပွင့်ပါဆိုတဲ့ သရုပ်ဆောင် မေမီကိုကို

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မင်းသမီးချောလေး မေမီကိုကိုကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။

မြန်မာဆန်ဆန်လှတဲ့ အလှကိုပိုင်ဆိုင်ထားပြီး မေမီကိုကို ကိုယ်တိုင်ကလည်း မြန်မာဆန်ဆန်လေးတွေပဲ ဝတ်စားဆင်ယင်တာကြောင့် မြင်သူရင်အေးရတဲ့ အလှကိုပိုင်ဆိုင်ထားကာ လူကြီးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားခဲ့တာပဲဖြစ်ပါတယ်။

ယခုအခါမှာလည်း မေမီကိုကိုက သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ကျေးလက်က တောပန်းလေးတပွင့်ပါလို့ဆိုကာ ချစ်စရာကောင်းတဲ့ ကျေးလက်မိန်းမပျိုလေး တယောက်ရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ပုံလေးတွေထဲမှာတော့ မေမီကိုကိုက ကျေးလက်က တောသူလေးတစ်ယောက်လို အသွင်အပြင်နဲ့ ဝတ်စားဆင်ယင်ထားတာဖြစ်ပြီး တကယ်ကို ချစ်ဖို့ကောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။မေမီကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးတို့အတွက် ကျေးလက်က ပန်းကလေးမေမီရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*