လူချစ်လူခင် ပေါများချင်သူများအတွက် သနပ်ခါးမန်းမန္တန်

လူချစ်လူခင် ပေါများချင်သူများအတွက် သနပ်ခါးမန်းမန္တန်

ကျွန်တော်အသက် ရှစ်နှစ်၊ကိုးနှစ်အရွယ်ခန့်က အဘွားက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန် ကျွန်တော်ကို သနပ်ခါး သွေးခိုင်းတတ်ပါတယ်။ကျွန်တော်သွေးတဲ့ သနပ်ခါးမှာ ညက်ပြီးလိမ်းကောင်းတယ်လို့ ပြောပါတယ်။သနပ်ခါးသွေးရာမှာလည်း ရိုးရိုးသွေးရသည်မဟုတ်ပဲ ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီး သနပ်ခါးသွေးနေစဉ်အတွင်း ရွတ်ခိုင်းပါတယ်။ဒါကြောင့် ကျွန်တော်က အဘွားရေချိုးတာနဲ့ ကျောက်ပြင်နှင့် သနပ်ခါးကိုထုပ်ကာ အောက်ပါမန္တန်ကို ရွတ်ဆိုပြီး သနပ်ခါးသွေးရပါတယ်။

“သဗ်ဗေ ဒဝေါစ ယက်ခာစ၊ ရာဇာ မတ်ေတာ မနုဿာစ။ သဗ္ဗေ ကောဓံ ဝိနဿန္တု၊ ဒိသွာန ပိယာ ယန္တု။ စိတ္တံ ပုတ္တေ နေဝသိန္နော၊ အဟံ။ ကရဏီယ မတ္ထ ကုသလေန။ ယန္တ သန္တံ ပဒံ အဘိသမေစ္စ သွာဟ”ဟူ၍ ဖြစ်ပါတယ်။

ကြာလာတဲ့အခါ ကျွန်တော်က အချောင်ခို၍ သနပ်ခါးကိုသာ သွေးပြီး မန္တန်ကိုမရွတ်ဘဲနေပါတယ်။အဲ့ဒီအခါ အဘွားက”ဟဲ့ကောင်လေး မန္တန်ရွတ်လေ၊ ဟာ အဘွားရယ် သနပ်ခါးရရင် ပြီးတာပဲ မန္တန်က ဘာလို့ရွတ်ရတာလဲ”ဟု စောဒက တက်ခဲ့ဖူးပါတယ်။

အဘွားက ဒီမန္တန်က သိပ်ပြီးစွမ်းတာ ငါ့မြေးရဲ့…နတ်ချစ်တယ် မင်းချစ်တယ် သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ့်ဆီကို မကျရောက်ဘူး မြင်တဲ့သူတိုင်းက ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားသမီးကိုချစ်သလို ချစ်တယ် အဲဒါသိကြားမင်းပေးတဲ့မန္တန် ဆီကို အဲဒါနဲ့မန်းပြီး ခေါင်းကိုလိမ်းရတယ် မျက်နှာချေကိုလည်း အဲဒါနဲ့မန်းပြီး မျက်နှာကိုလိမ်းရတယ် လူချစ်လူခင်ပေါတယ် ငါ့မြေးရဲ့”ဆိုပြီးပြောပါတယ်။

အမှန်စင်စစ် အဘွားက လွန်စွာမှအပေါက်ဆိုးပါတယ် မည်သည့်အခါမှ ပြေပြေလည် လည် မပြောပါ။အဘွားနာမည်က ‘ဒေါ်အေးခင်’လို့ခေါ်ပါတယ် စကားပြောအပေါက်ဆိုးတဲ့ အဘွား ဒေါ်အေးခင်ကို လူအများက ချစ်ခင်ကြပါတယ်။”ဒေါ်အေးခင်ကြီးက အလွန်ရိုးတာကလား စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်နေတာပေါ့”ဆိုကာ ခွင့်လွှတ်ချစ်ခင်ကြပါတယ်။အဘွားလိမ်းတဲ့ သနပ်ခါးတွင် ရွတ်ဆိုတဲ့မန္တန်ရဲ့အစွမ်းကြောင့်ပေလော။ထိုစကားက မှန်သောစကားဖြစ်ပါတယ်။

ကျွန်တော်ရဲ့အမေကို “အမေရယ်…အဘွားလို သနပ်ခါးသွေးရင် မန္တန်ရွတ်ပြီးသွေးပါလား။အဲဒီမန္တန်က လူချစ်လူခင်များတယ်”ဆိုပြီး အကြံပေးသော်လည်း “အမလေးတော်…ငါတို့က နင့်ဘွားအေလို အားနေတာမဟုတ်ဘူး သနပ်ခါးလည်း မလိမ်းအားဘူး လိမ်းရင်လည်း မန္တန်တွေဘာတွေ ရွတ်မနေနိုင်ဘူး ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာပဲ”ဆိုပြီးပြန်ဖြေပါတယ်။အမှန်တကယ်လည်း ကျွန်တော့်အမေမှာ အဘွားလောက် လူချစ်လူခင် မများရှာပါ။

ကျွန်တော်အိမ်ထောင်ကျတဲ့အခါ ဇနီးသည်ကို “တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တန်ရွတ်ပြီးသွေးတာ လူချစ်လူခင်ပေါများတယ် မင်းရော သနပ်ခါးသွေးရင် အဲဒီမန္တန်ရွတ်ပြီးသွေးပါလား ငါ အလွတ်ရတယ် သင်ပေးမယ်”ပြောမိရာ ဇနီးသည်က “တောမှာသွားပြော”ဆိုပြိီးပြောပါတယ်။ကျွန်တော့်ဇနီးက မည်သည့်မန္တန်ကိုမှ မရွတ်ဖတ်ပါ ထူးခြားချက်တစ်ခုက သူမက လူမုန်းများတဲ့သူဖြစ်တယ်။ကျွန်တော်ကတော့ ထိုမန္တန်အပေါ်မှာ ယုံကြည်သက်ဝင်လာခဲ့ပါတယ်။

လောကီပညာများကို လိုက်စားတဲ့အခါ ပြည်ဦးကြန်စွယ်၏ MAGICAL ARTS (ခေါ်) ဝိဇ္ဇာမယသိဒ္ဓိကျမ်းသည် လောကီပညာ လေ့လာသူတိုင်း မဖတ်မဖြစ်ဖတ်ရသော ကျမ်းဖြစ်လေရာ ထိုကျမ်းကို ဖတ်ရပါတယ်။ထိုကျမ်းရဲ့ အပုဒ်ရေ(၄၁၀)မှာ ကျွန်တော့်အဘွားရဲ့ သနပ်ခါးမန်း၊ဆီမန်း ဂါထာဟာ တခမ်းတနား ပါလာပါတယ်။ထိုဂါထာကို ရွတ်ဖတ်ကြတဲ့ လူအပေါင်းတို့လည်း တခမ်းတနား လူချစ်လူခင် ပေါများကြလေတော့သတည်း။(အဘမင်းသိင်္ခ အလွမ်းပြေ)အဂ္ဂမောင်-ကံတလူလောကီပညာ

Be the first to comment

Leave a comment

Your email address will not be published.


*