ကျောင်းဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဂျမ်းတောလေး

ကျောင်းဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဂျမ်းတောလေး

ပရိတ်သတ်ကြီးတို့ရေ သရက်ကင်ရောင်းရင်း ဘဝကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတဲ့ ဂျမ်းတောလေးကတော့ နှလုံးလှတဲ့သမီးလေးပဲ ဖြစ်ပါတယ်။မိဘနဲ့ ကိုယ့်ရဲ့မောင်နှမတွေ တစ်နေ့တာ စားသောက်နိုင်ဖို့ လမ်းဘေးမှာ သရက်ကင်ရောင်းချရင်း ရိုးသားစွာ ရှာဖွေကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ခုဆိုရင် ပရိတ်သတ်တွေ အားပေးချစ်ခင်ရတဲ့ အနုအညာရှင် ပေါက်စလေး ဖြစ်နေပါပြီနော်။ချူးချူးရဲ့ ကူညီစောင့်ရှောက်မှု့တွေအောက်မှာ ဂျမ်းတောလေးဟာ ပိုပြီးတော့ သိတတ်လာကာ ပညာတွေလဲ ပိုတတ်လာခဲ့ပါပြီ။ဂျမ်းတောလေးကို private ကျောင်းထားပေးထားပြီး တိုက်ကွမ်ဒို သင်တန်းလည်း ထားပေးနေတာဖြစ်ပြီး

ဂျမ်းတောလေး ပျော်သလောက်နေ မပျော်လဲ သူ့အိမ်ပြန် အခုလက်ရှိမှာတော့ ချူးချူးက သူမရဲ့အိမ်မှာပဲ ဂျမ်းတောလေးကို ခေါ်ထားပေးတာပဲဖြစ်ပါတယ်….အားလုံးရဲ့ဂရုဏာ၊အချစ်တွေနဲ့ လေးစားမှု့တွေကို ရရှိထားတဲ့ ဂျမ်းတောလေးက ခုဆို Photo shooting လေးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်ပရိတ်သက်ကြီးအတွက် ဂျမ်းတောလေးရဲ့ ကျောင်းဝတ်စုံလေးနဲ့ ပိုမိုလှပ ချစ်စဖွယ်ကောင်းနေပုံလေးကို ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ မျှဝေပေးလိုက်ရပါတယ်။ဂျမ်းတောလေးကို ဆက်ပြီးချစ်ခင်အားပေးကြပါအုံးနော် ပရိသတ်ကြီးတို့ရေ…။

Be the first to comment

Leave a comment

Your email address will not be published.


*