ဝက်သားဒုတ်ထိုးဆိုင်က ဆိုင်းဘုတ်ကြောင့် ကြေကွဲသွားခဲ့ရတဲ့ G fatt

ဒုတ်ထိုးဆိုင်က ဆိုင်းဘုတ်ကြောင့် ကြေကွဲသွားခဲ့ရတဲ့ G fatt

ပရိတ်သတ်ကြီးတို့ရေ G Fatt လို့ပြောလိုက်တာနဲ့ လူငယ်ပရိတ်သတ်တွေကတော့ မသိသူမရှိအောင်ကို အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။အဆိုတော် G Fatt ကတော့ Rap သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ လူငယ်ပရိတ်သတ်တွေအားလုံး ကြိုက်နှစ်သက် အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

G Fatt ဟာ လူငယ်ကြိုက် အဆိုတော်တစ်ယောက် ဆိုပေမယ့်လည်း အေးအေးဆေးဆေးနေတတ်ပြီး တည်ငြိမ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။G Fatt ကလက်ရှိမှာတော့ သူ့ရဲ့ show ပွဲတွေကို ရပ်နားထားပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ သူ့ကိုအားပေးချစ်ခင်တဲ့ ကရင်လူမျိုး ပရိတ်သတ် တစ်ယောက်ရဲ့ တုတ်ထိုးဆိုင်နာမည်လေးကြောင့် ရီရခက်ငိုရခက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။“G Fatt ကို ကြိုက်တဲ့ ကရင်မ ဖွင့်ထားတဲ့ ဝက်သားတုတ်ထိုးဆိုင်..ကရင် အငွေ့အသက်လည်း ပါရမယ်..G Fatt ဆိုတာလေးလည်း ထည့်ချင်တော့ လိုချင်တာရပေမယ့် လုံးရာကတော့ ပြားသွားတာပေါ့…

Saw G Fatt ထည့်လိုက်ရင် ပြီးနေတာကို…ဆိုင်က ဘားအံမြို့အဝင် ရေကျော်မှာ ရှိပါတယ်..စျေးလည်းတန်တယ်..တချောင်းမှ (၅၀)၊ ကြာဇံသုပ်တပွဲမှ (၅၀၀)..”ဆိုပြီးတော့ ပရိသတ်တစ်ယောက်က ပြန်လည်မျှဝေပေးတာပဲ ဖြစ်ပါတယ်။အဲ့ဒီဆိုင်နာမည်လေးကြောင့် G Fattက “ဒီကရင်မကတော့ နောက်ပီဆိုပြီး”ရေးသားမျှဝေလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*