ဖိုက်တင်ခန်းတွေရိုက်လို့ မင်းသားကို ထိအောင်ထိုးမိရင် အပယ်ခံရပြီး မင်းသားက လူကြမ်းတွေကို ထိုးမိရင်တော့ ဆောတီး တစ်လုံးနဲ့ပြီးသွားဆိုပြီး ရင်ဖွင့်လာတဲ့ လူကြမ်းကြီး

ဖိုက်တင်ခန်းတွေရိုက်ရင် မင်းသားက လူကြမ်းတွေကို ထိုးမိရင်တော့ ဆောတီး တစ်လုံးနဲ့ပြီးသွားဆိုပြီး ရင်ဖွင့်လာတဲ့ လူကြမ်းကြီး ဂျစ်သား

ပရိသတ်တို့ရေ အခြေအနေတွေကြောင့် အနုပညာရှင်တွေ အားလုံးဟာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေပြီး အချို့အနုပညာရှင်တွေဆိုရင် ကင်မရာရှေ့က ပျောက်ကွယ်နေပြီး အနုပညာကို ရပ်နားထားတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်ပြီး ငွေကြေးမချမ်းသာတဲ့ ဇာတ်ပို့၊ဇာတ်ရန် အနုပညာရှင်တွေ အားလုံး ဒုက္ခရောက်ကြရပါတယ်။

အခုဆိုရင်တော့ နှုတ်ခမ်းမွှေးထူထူနဲ့ လူကြမ်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျစ်သားကြီးကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ လက်ရှိကာလမှာ သူကတော့ တစ်လမှာ တစ်ခါနှစ်ခါလောက် ဇာတ်ကားရိုက်ကူး မူ့လေးတွေမှာ ပါဝင်ပြီး မိသားစုစားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းနေရပါတယ်။

လူကြမ်းသရုပ်ဆောင် ဂျစ်သားဟာ ဇာတ်ကားတွေ ပေါပေါများများ ရိုက်ကူးခဲ့ရတဲ့ အချိန်မှာတောင် အနုပညာမှရတဲ့ ငွေကြေးနဲ့ အိမ်ရဲ့မိသားစုရဲ့ အိမ်စရိတ်မလောက်ခဲ့ဘဲ အခုလို အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့ အချိန်မှာဆိုရင် အရမ်းကို ခက်ခဲနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ချေးဌားသုံးနေရပြီး အဆင်ပြေတဲ့အချိန် ပြန်ဆပ်လိုက်နဲ့ ဒီလိုပုံစံနဲ့ လည်ပတ်နေရတာပါ။ အသက်ပိုင်းကလဲ ကြီးရင့်လာတာကြောင့် အရင်လို့တော့ ဖိုက်တင်းတွေ မထိုးနိုင်တော့ပါဖူး။ ဖိုက်တင်ထိုးတဲ့နေရာမှာ မင်းသားတစ်လက်ကို ထိအောင်သွားထိုးလို့ မရဘူး ထိသွားရင် အပယ်ခံရမှာလို့ ရင်ဖွင့်ထားပါတယ်။

“လူကြမ်းတွေဘဝမှာ မင်းသားတွေကို ထိတယ်ဆိုတာ တော်တော်ရှားပါတယ် ကိုလူချောတွေက မင်းသားတွေကို ဘယ်တော့မှမထိဘူး ထိလဲထိခဲတယ် ဒါပေမယ့် လူကြမ်းတွေကိုထိရင်တော့ ဆောတီးတစ်လုံးနဲ့ပဲ ပြီးသွားကြတယ်” လို့ ဆိုပါတယ်။ရုပ်ရှင်တစ်ကား ဖြစ်မြောက်ဖို့အတွက် လူကြမ်းတွေ၊ စက်အဖွဲ့တွေရယ်၊ကင်မရာမန်းတွေ အားလုံးကနောက်ကွယ်ကနေ အရမ်းကြိုးစားခဲ့တာပါ။

ပရိသတ်တွေက ရုပ်ရှင်မင်းသား မင်းသမီးတွေကိုပဲ ချစ်ကြတယ်။ ဒါပေမယ့် လူကြမ်းတွေမှာလဲ နူးညံ့တဲ့အသည်းနှလုံးရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ကိုလဲ ချစ်ပေးကြပါအုန်းလို့ တောင်းဆိုသွားခဲ့ပါသေးတယ် ပရိသတ်တို့ရေ ။

Be the first to comment

Leave a comment

Your email address will not be published.


*