အဆိပ်ပြင်းတဲ့ အာလူး(ကလေးငယ်ရှိတဲ့ မိဘများ သတိထားနိုင်စေဖို့)

အဆိပ်ပြင်းတဲ့အာလူး

ဒီနေ့မနက် ဟင်းချက်ပီး ကြောက်စရာကောင်းတဲ့ အစာအဆိပ်တစ်ခု ကိုယ်တိုင်ကြုံတွေ့ရလို့ မျှဝေပေးလိုက်ရပါတယ်။အဲ့ဒီအကြောင်း မပြောခင် အာလူးစားသုံးခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကိုလည်း ပြောပြပေးချင်ပါတယ်။အာလူးသည် ကာဘိုဟိုက်ဒရိတ် (carbohydrates )နှင့် ကယ်လ်လိုရီ(calories) ပေါကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။လူများက အာလူးကို စားသုံးရာတွင်ကြော်၍ ဖြစ်စေ၊ ချက်၍ဖြစ်စေ အမျိုးမျိုးပြုလုပ်၍ စားသုံးကြသော်လည်း အာလူး၏ သဘာဝကပေးတဲ့ အကျိုးကျေးဇူးများကို အတိအကျ သိပ်မသိကြပါဘူး။

ဒါကြောင့် အာလူးကို စားသုံးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။အာလူးတွင် ဗီတာမင်စီ(vitamin C)၊ ဗီတာမင်ဘီ6(vitamin B6)၊ ကောပါး(copper)၊မဂနီပ်(manganese)နှင့် ဖိုင်ဘာအမျှင်(fiber)တို့ ပေါကြွယ်ပါတယ်။အာလူးက ခန္ဓာကိုယ်ရဲ့ခွန်အားကိုဖြစ်စေတဲ့ အစားအစာဖြစ်တာကြောင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းများ လုပ်ရာတွင် ခွန်အားကို အလျှင်အမြန်ဖြစ်စေသဖြင့် အားကစားသမားများအတွက် အရေးကြီးသော အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ မနက်ကဟင်းချက်ရင်း ကြောက်စရာကောင်းတဲ့ အစာအဆိပ်တခုအကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။အာလူး အလုံးကောင်းကောင်း ဝယ်ထားတယ် မကြာသေးပါဘူး အပင်လည်း မပေါက်ဘူး အရောင်လည်းမစိမ်းဘူး အခွံခွာ ပါးပါးလှီး ဆားစိမ် ရေဆေးပီး အဲ့အချိန်ထိ အကောင်းပဲ ဆီထည့်ကြော် ကျက်လို့ မြည်းကြည့်တော့မှ အာပူသလိုဖြစ်တယ် တခါတလေ ဖြစ်တက်သလိုပဲလို့ထင်တာ

ခနကြာတော့မှ ပါးစပ်ထဲ ပူလာတယ် ရှိန်းရှိန်းနဲ့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်လာတာ အဲ့ဒါနဲ့ အာလူးကြော်ပန်းကန်ကို မေမေက ယူကြည့်လိုက်တာ အာလူးအကုန်လုံး စိမ်းနေတာ ချက်ချင်းပြောင်းသွားတာနော် အရောင်က တော်တော်လန့်သွားတယ် အသိဆရာဝန်တွေပြောတဲ့ အာလူး အလုံးကြီးအောင်သုံးတဲ့ chemicals က အဆိပ်ပြင်းတယ်ဆိုတာ လက်တွေ့ကြုံသွားပြီ

ကံကောင်းတာက သားသားလေးကို မကျွေးမိတာ တို့အမေတွေ တော်တော်များများက ကလေးတွေကို အာလူး အကျွေးများတယ်နော် စိတ်ထဲမကောင်းမိဘူး သူတို့သာစားမိရင် ရင်ထဲနေလို့မကောင်း တော်တော်ခံစားရမှာပါလားဆိုပြီး သဘာဝအတိုင်းရတဲ့ အသီးအနှံတွေကလည်းရှားပါးလာတော့ ဘယ်လိုခရီးဆက်ကြမလဲနော်😥😥😢လွင့်ပစ်ပီးတော့မှ အမှတ်တရ ရိုက်ထားတဲ့ အာလူးကြော်စိမ်းစိမ်း…”

Be the first to comment

Leave a comment

Your email address will not be published.


*