ငယ်ဘဝကခံစားချက်တွေကို လှောင်ပြောင်ခဲ့တဲ့အမျိုးသမီးကို တုံ့ပြန်လာခဲ့တဲ့ လိမ္မော်သီး

ငယ်ဘဝကခံစားချက်တွေကို လှောင်ပြောင်ခဲ့တဲ့အမျိုးသမီးကို တုံ့ပြန်လာခဲ့တဲ့ လိမ္မော်သီး

အဆိုတော် လိမ္မော်သီးကတော့ အမျိုးသမီးအဆိုရှင်တွေထဲက ထူးထူးခြားခြား Rockသီချင်းတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။လိမ္မော်သီးဟာ ပြီးခဲ့တဲ့ရက်က သူမရဲ့လူမှုကွန်ယက်မှာ ကိုယ်လိုချင်တဲ့အရာတွေကိုကိုယ်လိုချင်တဲ့အချိန်မှာ အမိအရရယူဖို့ သူမငယ်ငယ်က တပ်မက်ခဲ့ဖူးတဲ့ Schollဖိနပ်နဲ့ ငါးဖယ်ကြော်တို့ကို ဥပမာပြပြီး ခံစားချက်တွေကို ဖွင့်ထုတ်ပြလာခဲ့ပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးတစ်ယောက်က သူမရဲ့ပိုစ့်ကို Shareပြီး သူမငယ်ဘဝမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေကို နှိမ်ပြီးလှောင်ပြောင် သရော်ပြောခဲ့တဲ့ အမျိုးသမီးကြောင့် တော်တော်လေး စိတ်တိုနေရတာပဲ ဖြစ်ပါတယ်။အနုပညာရှင်ဆိုတာနဲ့ ပြောသမျှကို လျစ်လျူရှုပြီးသည်းခံရမယ်ဆိုတာကတော့ တော်တော်မလွယ်ကူပါဘူးနော်။

အဲ့ဒီအမျိုးသမီးကတော့ လိမ္မော်သီးကို အခုလိုပြောလာခဲ့တာပါ။”လိုချင်တဲ့အရာက တစ်သက်တာ တန်ဖိုးရှိတဲ့အရာဆို expire date မရှိဘူးထင်တာပဲ။သူ့လိုScholl ဖိနပ်နဲ့ ငါးဖယ်ကတော့ လိုချင်စိတ်ပျောက်တာ မဆန်းပါဘူးအေ။ငယ်ငယ်ထဲက အဲ့Schollဆို အလကားပေးရင်တောင် မယူချင်ဘူး။ဝယ်ပေးမယ်ပြောလို့ ထိုင်ငိုရသေး”ဆိုပြီးလှောင်ပြောင်ခဲ့တာပါ။

အဲ့အမျိုးသမီးရဲ့ပိုစ့်ကို လိမ္မော်သီးက“လောကကြီးမှာ လူတွေက စိတ်အမျိုးမျိုးမဟုတ်လား။မိန်းမတစ်ယောက်က စိတ်ထားယုတ်ညံ့ရင် အရမ်းကျက်သရေယုတ်တာ။ငါဝယ်ထားသမျှ ဖိနပ်တွေနဲ့ေက်ခွက်တချက် ရိုက်ရင်တောင် သူ့သွားတွေတချောင်းမှ ကျန်မယ်မထင်ဘူး။ကပ်ပြီးလာကြွားနေတာ ဘာလဲ..ငါကရယ်ချင်လို့။ငယ်ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့နေရရင်လည်းနေလေ ကိုယ်ဘ၀နဲ့ကိုယ် အသားလွတ်ကြီး ဂျေလာကိုက်နေတယ်

သူ့ကြည့်တော့ အဆိုတော်၊မင်းသမီးလည်းမဟုတ်၊ဘာမှန်း ငါလည်းမသိဘူး သူက ပညာတတ်တယ်တဲ့…တတ်တဲ့ပညာတော့ အသုံးချတတ်ပုံမပေါ်ဘူး။စိတ်ဓါတ်အဆင့်အတန်း…သုညပဲ..🤣ပြီးတော့ သူကခေတ်မှီတဲ့နေရာနေတာတဲ့ ဘာလဲ သူနေတဲ့နိုင်ငံက -ပါပြီးလျှာနဲ့ ကုန်းလို့လား.ခေတ်မှီတာ..🤣🤣🤣”ဆိုပြီးပြန်လည် ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*