အိမ်နဲ့ခြံထဲက ခြနဲ့ကျွတ်များကို ထွက်ပြေးစေမယ့် နည်းလမ်းကောင်း

အိမ်နဲ့ခြံထဲက ခြနဲ့ကျွတ်များကို ထွက်ပြေးစေမယ့် နည်းလမ်းကောင်း

မနေ့က (၁၀)မိုင်က ခြံတစ်ခြံမှာနေတဲ့ အဖိုးကြီး၊အဖွားကြီးထံ ရောက်ခဲ့ပါတယ်။အဖွားကြီးက မဒမ်ထူးဆန်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ်။မဒမ်ထူးဆန်း ပေးတဲ့နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း၊အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း အခုတော့ ကျွတ်တွေမရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့။ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့ရပါတယ်။

အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်း ပေးထားတဲ့ နည်းလမ်းတွေနဲ့ အလုပ်ဖြစ်နေတယ် ပြောတယ် ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာနဲ့ ပြောမိပါတယ် သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ငယ်ငယ်က သူ့အဖွား လုပ်တဲ့နည်းအတိုင်းလုပ်တာ သူတို့အိမ်မှာလည်း ကျွတ်တွေမရှိတော့တဲ့အပြင် ဘယ်သူ့ခြံကို သူ ဘယ်တုန်းကပြောလိုက်လို့ လိုက်လုပ်တဲ့ခြံတွေမှာလည်း ကျွတ်အန္တရာယ် ဘယ်လို ကင်းဝေးသွားတယ်ဆိုတော့က ထူးဆန်းစောဒကတက်စရာတော့ မရှိဘူးပေါ့။

ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲသတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ။ယုံတာမယုံတာ လုပ်တာမလုပ်တာတော့ up to you ပါနော်။နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံပါတ်ပါတ်လည် ဆားပက်ပေးပါတဲ့ ပြီးရင် ဘုန်းကြီးပရိတ်ရွတ်ထားတဲ့ ပရိတ်ရည်နဲ့ ဖြန်းပေးပါတဲ့….ဆားဘယ်လောက် ပရိတ်ရည်ဘယ်လောက်လဲ အထွန့်တက်မေးတော့ ကြည့်ပြီးသင့်တော်မယ် ထင်သလောက်သာလုပ် ဘာမှအချိုးအစားတွေ မရှိဘူးတဲ့။

ကဲ…ကိုယ့်ခြံထဲ ကျွတ်တွေပေါများလို့ စိတ်ညစ်နေရင် နှစ်ဆန်းတစ်ရက်နေ့ စောင့်လို့စမ်းကြည့်ပေါ့။ထူးဆန်းတာကတော့ တွေးလို့မရဘူး။ကျွတ်ဆိုတဲ့သတ္တဝါက မိုးမှထွက်တာ…နှစ်ဆန်းတစ်ရက်နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်းမသိတဲ့ ကောင်တွေကို အဲ့ဒီအချိန်မှာလုပ်တာ လျော့နည်းပပျောက်စေတယ်ဆိုတော့…မဒမ်ထူးဆန်းကိုလည်း စောဒကမတက်ရဲ…ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး၊အဖွားကြီးကလည်း မျက်မြင်ကိုယ်တွေ့ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံအပြင် မပိုပါဘူး..

အဲ့ဒီအဖိုးကြီး၊အဖွားကြီးကဘဲ နောက်ထပ်ခြနှိမ်နှင်းရေးအတွက် ချွေတာရေး နည်းလမ်းကောင်း ပေးလိုက်သေးတယ်။ဆပ်ပြာရည်ထဲမှာ ဆနွင်းနဲနဲ ဖျော်ပြီးလောင်း ခြတွေ အတုန်းအရုံး သေဆိုဘဲ မြေပဒေသာက ဆေးဝယ်စရာမလို ဆပ်ပြာရည်ကိုလည်း သီးသန့်ဖျော်စရာမလို အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကိုသာ ပြန်ခံသုံးတဲ့ သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့လေ။စာဖတ်ပရိသတ်ကြီးတို့ရဲ့အိမ်မှာ ကျွတ်တွေ ခြတွေရှိလို့ စိတ်ညစ်နေရင် ငွေကုန်ကြေးကျ သက်သာတဲ့ ဒီနည်းလေးကို စမ်းသပ်ကြည့်လိုက်ပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*