ဦးကျော်သူကို အရမ်းကြိုက်ခဲ့ရပြီး အမာခံပရိသတ်ပါလို့ ပြောပြလာတဲ့ ခိုင်သင်းကြည်

မင်းသား ဦးကျော်သူကို အရမ်းကြိုက်ပြီး သူရဲ့အမာခံပရိသတ်ပါလို့ ပြောပြလာတဲ့ ခိုင်သင်းကြည်

အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အမိုက်စား သရုပ်ဆောက်ကွက်တွေနဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်ချက်များ

သဏ္ဍာန်လုပ် သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာ အပြည့်အဝရရှိထားသူပါ။

အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် ခိုင်သင်းကြည်က ပရဟိတ၊ အကယ်ဒမီ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူကို သူမငယ်ငယ်တုန်းက အရမ်းကြိုက်ပြီးအားပေးခဲ့ရကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

သရုပ်ဆောင် ခိုင်သင်းကြည်က “ကိုယ်အရမ်း ကြိုက်ခဲ့ရတဲ့ မင်းသားက ဦးကျော်သူပါ၊ အရမ်းသာ ကြိုက်ခဲ့ရပေမယ့် ကိုယ်နဲ့တွဲပြီးတောင် ကားမရိုက်ဖူးခဲ့လိုက်ဘူး

အရမ်းကြိုက်ရတဲ့ မင်းသားရဲ့ Special ပြက္ခဒိန်မှာ ဓာတ်ပုံရိုက်ဖို့ ပါဝင်ခွင့်ရတုန်းက ဖေဖေ ခွင့်မပြုလို့ ငိုခဲ့ရသေးတယ်၊ ဦးကျော်သူရဲ့ အမာခံပရိသတ်ပါ” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။

ငယ်ငယ်က ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသား…ကျော်သူ…ကြီးလာတော့ ပြည်သူ့အချစ်တော် ပရဟိတသမားကြီး ဦးကျော်သူကို ပရိသတ်ကြီးတို့ကကော ဘယ်ဇာတ်ကားနဲ့ စတင်သိရှိ အားပေးခဲ့တာလည်းဆိုတာ ပြောပြပေးခဲ့ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*