လက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော်မူးလာ

လက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော်မူးလာ

ပရိသတ်ကြီးတို့ရေ ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ်မူးလားကတော့ ဆံပင်ရှည်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော် တစ်ဦးဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများ နာမည်ကြီးလာခဲ့တဲ့ မူးလာက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားသူလဲ ဖြစ်ပါတယ်။

အောင်မြင်မှု့တွေများစွာ ရရှိနေခဲ့တဲ့ အဆိုတော် မူးလာဟာ ပြတ်သားစွာနဲ့ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့တဲ့သူပါ။ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး တော်လှန်ရေးတာဝန်တွကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ကိုယ်တိုင် လက်နက်ကိုင်စွဲ တိုက်ပွဲမဝင်ပေမယ့် တတ်ကျွမ်းတဲ့ အနုပညာနဲ့တော်လှန်ရေးအတွက် ထောက်ပံ့နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

အဆိုတော် မူးလာဟာ ငှက်ဖျားရောဂါကို ခံစားနေရပြီး မပျောက်ကင်းသေးခင်မှာပဲ ထပ်မံပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြန်ပါတယ်။”ကံကြမ္မာက ကောင်းဦးမှာလား ငှက်ဖျားတောင်မပြီးသေးဘူး…”ဆိုပြီးတော့ မူးလာက သူရဲ့လူမှု့ကွန်ယက်ပေါ်မှာ ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားပါတယ်။

သူ့ရဲ့ပိုစ်အောက်မှာတော့ စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေရဲ့ ကောမန့်များစွာကို တွေရပြီး အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။မူးလာကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့ကလည်း နေမကောင်းတဲ့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မူးလာအတွက် အားပေး ဆုတောင်းစကားလေးတွေ ရေးသားပေးခဲ့ကြပါအုန်းနော်။

Be the first to comment

Leave a comment

Your email address will not be published.


*