မင်္ဂလာလက်မှတ်ရေးထိုးအပြီး ဝေဖန်နေကြတဲ့သူတွေကို”သူတပါးပေးတဲ့အပူကို လက်ခံမယူလို့ မပူပါဘူး”ဆိုတဲ့ ရွှေရည်သိန်းတန်

မင်္ဂလာလက်မှတ်ရေးထိုးအပြီး ဝေဖန်နေကြတဲ့သူတွေကို”သူတပါးပေးတဲ့အပူကို လက်ခံမယူလို့ မပူပါဘူး”ဆိုတဲ့ ရွှေရည်သိန်းတန်

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂန္ထဝင်မြန်မာသံ အဆိုရှင် တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကို ပရိသတ်တွေအားလုံး သိကြမယ်လို့ ထင်ပါတယ်။ရွှေ ရည်သိန်းတန်ဟာ တေးသီချင်းများစွာ သီဆိုထားခဲ့ပြီး အားပေးချစ်ခင်မှုတွေနဲ့အတူ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့မြန်မာသံတေးသံရှင်တစ်ဦး ဖြစ်ပါတယ်။

ရွှေရည်သိန်းတန်ကတော့ နိုဝင်ဘာလ (၄)ရက်နေ့က နှစ်ဖက်မိသားစုများရဲ့ သဘောတူခွင့်ပြုမှုနဲ့ ချစ်ရသူနဲ့နှစ်ဦးသဘောတူ တရားရုံးမှာ တရားဝင်လက်မှတ်ထိုးခဲ့တဲ့ မင်္ဂလာရှိတဲ့သတင်းလေးကို အသိပေးဖော်ပြလာခဲ့တာပါ။နှစ်ယောက်လုံးဟာ နေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်တင့်တယ်တာကြောင့် ချစ်တဲ့သူများကလည်း သဘောကျခဲ့ရပြီး ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။ယခုအခါမှာတော့ မင်္ဂလာလက်မှတ်ရေးထိုးအပြီး မီဒီယာများက တင်ချင်သလိုတင် ရေးချင်သလိုရေးနေကြတဲ့အပေါ်မှာ အခုလိုပဲ ပြောလာပါတယ်။

“တခုခုဖြေပေးပါလား အမရယ်တဲ့..တင်ချင်သလိုတင်နေတာမခံချင်လို့ပါတဲ့..တကယ် တရားဝင်မီဒီယာ မောင်လေး၊ညီမလေးတွေ.အကို.အမတွေက ပြောပါတယ်..[ ]ကျေးဇူးပါအချစ်တို့ရေ🥰[ ]ပွဲတွေဆက်တိုက်ဆိုရင်း[ ] ပန်းထိမ်အလုပ်တွေလုပ်ရင်း[ ]မိသားစုမေတ္တာတွေခံယူရင်း ရွှေရည်တကယ့်ကို မအားရတာပါ🥰🥰🥰မဖြေဖြစ်သေးတာ တောင်းပန်ပါတယ်🙏🙏🙏🥰သူတို့တင်ချင်သလိုတင်ရလို့ like.comment တွေတက်သွားလည်း ကျွန်မကုသိုလ်ရပါတယ်..

မဖြေတာက ကျွန်မလည်း လူထဲကလူမို့ နိုင်ငံ့အရေးထက် စိတ်ဝင်စားတာ မခံချင်လို့ပါ..လိုနေတဲ့နေရာတွေအတွက် တခမ်းတနားလည်း ဘာမှမလုပ်ပါဘူး..တချို့ တချို့တွေကိုတော့ ဒီကပဲပြောပါမယ်..😁တယောက်ထဲနေလည်းရတာကို..ပြည့်စုံနေတာပဲ.ရည်းစားထားပေါ့..ယူစရာလား.ဟုတ်စ🤣မယူရင်တယောက်မကရတာ ကျွန်မက ရှင်တို့ထက်သိတာပေါ့..

ဒါပေမယ့် အဲ့လိုနေဖို့ ကျွန်မမိဘက မသင်ပေးခဲ့ပါဘူး..ကျွန်မလိုချင်တာ လုံခြုံမှုပါ..မိသားစုအစစ်ပါ..ကိုယ့်အပေါ်ကောင်းခဲ့တဲ့ ညီအကိုမောင်နှမ.ဆွေမျိုးမရှိပဲ..ရပ်တည်နေတဲ့ မိန်းမသားတယောက်..ဘုရားစင်ရှေ့ ပုံ့ပုံ့လေးထိုင်ရင်း လွမ်းတသသစာတွေရေး..ရှင်တို့မသိအောင် ခိုးစား..ကြိတ်စား…သူငယ်အမ်း..စီးပွားတွေလုံးပါးပါး..ဘဝနေဝင်ချိန် ကူကယ်ရာမရှိ လူအိုရုံသွား..

ဒါမျိုးမြင်ချင်တာဆိုရင်တော့ အတော့်ကိုဆိုးတဲ့စေတနာပါ..မတွေးသင့် မတွေးအပ်ပါဘူး..😁နောက်တမျိုး အချိန်ကာလ ကြာကြာလေးနေပါအူး…ဟုတ်စ..🤣အိုနာရွတ်တွမှပေးမယ့် ကျွန်မအဖြေကို တဖက်ကစောင့်နေရမယ်ပေါ့..ရက်စက်ပ ချက်ကြီးရာ.ခုတောင် ကျွန်မတို့၄၂ပါ🤣ဒီလိုခေတ်ကာလထဲ ကျွန်မခရီးသွားတုန်း အိမ်အဖောက်ခံရတာ.ရှင်တို့သိပါသလား..cctv record အကုန်ရပြီး ခုထိမမိသေးပါဘူး..

ထားပါတော့ ရှင်တို့ကျေနပ်မယ့်အချိန်ကာလအထိ ကျွန်မက တယောက်ထဲခရီးတွေသွား.ရတနာပစ္စည်းတွေပါလို့ အလုခံ.အသတ်ခံ.ပုတ်ပွမှ အရပ်ကတွေ့ ..ဒါမှမဟုတ်.အိမ်ထဲ ဝင်သတ်သွား..အနံ့ရမှအရပ်ကတွေ့ စုတ်တသတ်သတ်နှင့် RIPကြ..အဲ့လိုများမြင်ချင်ကြတာပါလား..ဆိုးဆက် ပါအေ..

မျှတစွာတွေးလိုကတွေးပါ..သူများဝဋ်ကြွေးကို ကိုယ့်ဝဋ်ကြွေးအဖြစ် မျှယူလိုကယူပါ.ကျေးဇူး🙏မိမိဘဝ မိမိကောင်းစွာစောင့်ရှောက်ရင်း အေးချမ်းကြပါစေလို့ပဲ ကျွန်မကဆုတောင်းပေးပါတယ်..ကျွန်မကတော့ ဘယ်သူပေးတဲ့အပူမှ လက်မခံတာမို့ မပူပါဘူး🙂သဗ်ဗေသတ်တာ ကမ်မသကာပါ🥰🥰🥰”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*