Delivery Serviceဖြင့် ဆွမ်းကပ်တဲ့ဒကာများအတွက် Video Callမှတစ်ဆင့် သာဓုပြန်ပေးခဲ့တဲ့ဘုန်းတော်ကြိီးး

ဘုန်းတော်ကြီးတပါးက Delivery Serviceဖြင့် ဆွမ်းကပ်တဲ့ဒကာများအတွက် Video Callမှတစ်ဆင့် သာဓုပြန်ပေး

ပရိသတ်ကြီးတို့ရေ ထိုင်းနိုင်ငံ၊Trang မြို့မှ ဘုန်းတော်ကြီးတစ်ပါးက Delivery Serviceဖြင့် ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ ဒကာ၊ဒကာမများကို VideoCall ခေါ်ဆိုကာ သာဓုပြန်ပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။

ဘုန်းတော်ကြီး Phra Itthiyawathaya က”ကမ္ဘာကြီးက လည်ပတ်နေသလို တရားဓမ္မတွေကလည်း လူတွေရဲ့နှလုံးသားထဲမှာ လည်ပတ်နေပါတယ်။ဒါပေမဲ့ မတူညီတဲ့ အခြေအနေနဲ့ အခက်အခဲတွေကြောင့် ဘယ်လိုပဲလှူလှူ သဒ္ဓါတရား ထက်သန်တဲ့စိတ်က အဓိကပါပဲ”လို့မိန့်ဆိုခဲ့ပါတယ်။

ဒစ်ဂျစ်တယ် ခေတ်ဖြစ်သော်လည်း ရိုးရာထုံးတမ်းဓလေ့များနှင့် ကိုက်ညီမှုရှိ/မရှိဆိုတဲ့ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။အသက်(၆၃)နှစ်အရွယ်ရှိ ဒေသခံ ဒကာမတစ်ဦးကတော့ “အလုပ်များလွန်းလို့ ဘုန်းကြီးကျောင်းကို ရောက်ဖြစ်ဖို့က မလွယ်ကူပါဘူး

အခုလို အစားအသောက် Delivery…Service ကနေတစ်ဆင့် ဆွမ်းကပ်ခွင့်ရပြီး ဘုန်းတော်ကြီးကိုယ်တိုင် သာဓုပြန်ပေးတာလည်း ကြားရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်”လို့ပြောပြခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*