ဒီကနေ့မှာ မွေးနေ့အလှူအဖြစ် ပြည်သူများကို ထောပတ်ထမင်းလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

ဒီကနေ့မှာ မွေးနေ့အလှူအဖြစ် ပြည်သူများကို ထောပတ်ထမင်းလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

ပရိတ်သတ်ကြီးတို့ရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။နယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ အနုပညာမျိုးရိုးလည်းရှိတဲ့ သရုပ်ဆောင် ထူးခန့်ကျော် ကတော့ မင်းသားကြီးတစ်ဦးဖြစ်တဲ့ မြင်စိုင်းသား (အောင်အောင်)ရဲ့ သားတစ်ဦးလဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေ ရပ်နားထားရပေမယ့်လည်း တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ ၇ရက်သားသမီးတွေရဲ့ရောဂါဝေဒနာတွေကို စေတနာကြေးနဲ့သာ တတ်နိုင်တဲ့ဘက်က ကူညီစောင်မ ကုသပေးနေပါတယ်။

အနုပညာအလုပ်တွေ လုပ်ခဲ့စဉ်တုန်းကလည်း သရုပ်ဆောင်ချိန်မှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သလို အခုလို ရောဂါဝေဒနာတွေကုသချိန်မှာလည်း တကယ်ကို စေတနာ မေတ္တာအရင်းခံပြီး ပျောက်ကင်းအောင် ကုသနိုင်ကြောင်း ဂုဏ်သတင်းကြီးမားနေတာပါ။

ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသနိုင်ဖို့အတွက် အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။ထူးခန့်ကျော်က နေ့စဥ်နေ့တိုင်း လူနာ(၂၀၀)ထက်မနည်းကို ဆေးကုသပေးလျှက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၆)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေးမှာ ပြည်သူအယောက် (၁၅၀၀)ကို ထောပတ်ထမင်းကျွေးပြီး ကုသိုလ်ပြု လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

တန်ဆောင်တိုင်လပြည့်နေ့ တနင်္လာနေ့မှာတော့ ပုလဲမြို့သစ်၊ ဖျာပုံကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်အား အလှူတော် မင်္ဂလာပြုလုပ်မည် ဖြစ်ကြောင်းကိုလည်း မျှဝေထားပါသေးတယ်နော်။ထူးခန့်ကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့ ကုသိုလ်ပွားများနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*