ခန့်ညားပြီး သဘောကျစရာကောင်းတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ကိုမျိုးကြည်

ခန့်ညားပြီး သဘောကျစရာကောင်းတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ကိုမျိုးကြည်

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသားနဲ့ ဖိုက်တင်အပြန်အလှန်ချရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲလိုလို တွေ့ရတတ်တာကတော့ လူကြမ်းသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့်လည်း ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေရရင်ကို ပျော်နေကြသူတွေထဲမှာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကိုမျိုးကြည်လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ကိုတော့ အားလုံးပဲမှတ်မိကြလိမ့်အုန်းမယ်လို့ ထင်ပါတယ်။သူကိုယ်တိုင်ကလည်း နှုတ်ခမ်းမွှေးထားရတာ ဝါသနာပါတာကြောင့်လဲ ထားဖြစ်တာပါတဲ့။

ကိုမျိုးကြည်ကတော့ လူကြမ်းသရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ဟာ အရင်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ရတာကို သဘောကျတဲ့ နှလုံးသားလှတဲ့ လူကြမ်းကြီးတစ်ဦး ဖြစ်ပါတယ်။ကိုမျိုးကြည်ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အသက် (၈၆)နှစ်အရွယ် မိခင်ကြီးကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေးတစ်ဦးလဲ ဖြစ်ပါတယ်။

ကိုမျိုးကြည်ဟာ KFC Myanmar ရဲ့ကြော်ငြာကို ရိုက်ကူးနေတဲ့ ဓာတ်ပုံတွေ လိုင်းပေါ်ပျံ့နှံ့လာခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေကြပါတယ်။ပရိသတ်ကြီးတို့ရေ လူကြမ်းသရုပ်ဆောင်ကြီးရဲ့ ဓာတ်ပုံတွေကို ပရိသတ်ကြီးတို့လည်း ပြန်လည်ကြည့်ရှု့နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*