တန်ဆောင်မုန်းလပြည့်မှာ ပုလင်း၊လင်ပန်း၊လပြည့်၊လာဘ်ဝင် အားလုံးနဝင်းပြည့် လှူဒါန်းပြီး ဆုတောင်းပါ

တန်ဆောင်မုန်းလပြည့်မှာ ပုလင်း၊လင်ပန်း၊လပြည့်၊လာဘ်ဝင် အားလုံးနဝင်းပြည့် လှူဒါန်းပြီး ဆုတောင်းပါ

ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘာတွေလုပ်ကြမလဲ။တစ်လလုံး လာဘ်၊လာဘများပွင့်လန်းစေရန် မိမိလုပ်သော အလုပ်အကိုင်များ အဆင်ပြေချောမွေ့ အဆင်ပြေပြေ ဖြစ်စေရန် တန်ဆောင်းမုန်းလပြည့်နေ့မှာ မိမိတတ်နိုင်သလောက် ပံ့သကူ လှူဒါန်းပါ။

လူတို့၏အခြေခံစားသောက်ကုန်များဖြစ်သော (ဆန်၊ဆီ၊ဆေး၊ဆား)တစ်မျိုးစီကို အောက်ပါပုံကဲ့သို့ ပုလင်းအလွတ်များတွင် ထည့်၍ လင်ပန်းထဲတွင် ထည့်ကာ စိတ်ရည်စူး၍ မြတ်စွာဘုရားရှင် ကိုယ်တောင်မြတ်အား ဆပ်ကပ်လှူဒါန်းပါ။ပုလင်း၊လင်ပန်း၊လပြည့်၊လာဘ်ဝင် အားလုံးသည် နဝင်းပင်ဖြစ်သည်။

ထို့ကြောင့် နဝင်းပြည့်လှူဒါန်းပြီး မိမိတို့အလိုရှိရာဆု ခက်ခဲနေသောအကြောင်းအရာများကို ဆုတောင်းပါက ဆုတောင်းပြည့်ပါမည်။အလုပ်ကိစ္စကြန့်ကြာခြင်းများ၊ ငွေကြေးဝင်မှု နည်းနေသူများ၊ ငွေကြေးကိစ္စကြန့်ကြာနေမှုများ အစရှိသောလူမှုရေး၊ငွေကြေးကိစ္စ အလုပ်ကိစ္စများ၊မိသားစုကိစ္စများ အဆင်ပြေပြေဖြစ်အောင် လပြည့်နေ့တွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား လှူဒါန်းပြီး ဆုတောင်း မေတ္တာပို့ အမျှဝေခြင်း ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

အထက်ဖော်ပြပါနည်းလမ်းများသည် ကျွန်တော်ကိုယ်ပိုင်မူရင်းနည်းလမ်းများ မဟုတ်ပါ။ရှေးဆရာများ အစဥ်အဆက် သုံးစွဲလမ်းညွှန်ခဲ့သော နည်းများကိုသာ ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။မနက်ခင်း အစောပိုင်းတွင် ကော်ဖီ(၂)ခွက် ကိတ်မုန့်(၂)ခုကပ်လှူပြီး ငွေကြေးကိစ္စများ အဆင်ပြေစေရန် ဆုတောင်းပါ။ပထမ ကော်ဖီ၊ကိတ်မုန့် လှူဒါန်းပါ။

ဒုတိယ ဆန်၊ဆီ၊ဆေး၊ဆား လှူပါ။တတိယ ပံ့သကူလှူပြီး လိုရာဆုတောင်းပါ။အစစအရာရာ အဆင်ပြေနိုင်ကြပါစေ။အောက်ဖော်ပြပါပုံအား ဆရာဇင်ယော်နီလူမှုကွန်ယက်မှ ကူးယူဖော်ပြပါသည်။(ဆရာဘုန်းကိုကိုမြင့်၊ဗေဒင်ယတြာအစီအရင်လောကီပညာရှင်)

Be the first to comment

Leave a comment

Your email address will not be published.


*