တန်ဆောင်မုန်းလပြည့်နေ့မှာ ငွေကျပ် (၁၀)သိန်းက်ို ပံ့သကူပစ်မဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

တန်ဆောင်မုန်းလပြည့်နေ့မှာ ငွေကျပ် (၁၀)သိန်းက်ို ပံ့သကူပစ်မဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ပရိသတ်ကြီးတို့ရေ ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူတွေ မလုပ်နိုင်ပါဘူးနော်။ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ စေတနာကတော့ တကယ့်ကို အံ့မခန်းပါပဲ။

ခိုင်နှင်းဝေက ရင်သွေးလေးများ ဂေဟာကိုလည်း တည်ထောင်ထားပြီး လူမမယ် ကလေးများကို နွေးထွေးတဲ့ မေတ္တာများဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးနေတာလည်း ဖြစ်ပါတယ်။လိုအပ်နေတဲ့ နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး အကူအညီ လိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေးနှစ်သိမ့်တတ်သူ တစ်ယောက်ပါ။

ခုလိုကာလမှာဆိုရင်လည်း နေရာတိုင်းမှာ အကူအညီ လိုအပ်နေသူတွေ အများအပြားရှိနေပြီး ခိုင်နှင်းဝေကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့ပါတယ်။ဒါ့အပြင် အလုပ်အကိုင် အဆင်မပြေဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီကိုလည်း နေ့စဉ်တိုင်းလိုလို သွားရောက်ကာ စားနပ်ရိက္ခာနဲ့ လိုအပ်တာများ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ယခုအခါမှာလည်း ခိုင်နှင်းဝေက တန်ဆောင်မုန်းလပြည့်နေ့မှာ ငွေကျပ်(၁၀)သိန်းကျပ်တိတိကို ပံ့သကူပစ်မဲ့အကြောင်းကို အခုလိုပဲ မျှဝေလာခဲ့တာပါ။ “တန်ဆောင်မုန်း လပြည့်နေ့ မှာ ခုနှစ်ရက် သားသမီးများ ကောင်းမှုအဖြစ် ငွေကျပ် (၁၀) သိန်းတိတိက်ို ပံ့သကူ ပစ်ပါမယ်ရှင်..❤️….”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။ပရိသတ်ကြီးတို့လည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေရဲ့ အလှူလေးကို ကုသိုလ်ထပ်တူရစေဖို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*