နယ်က တောသူတောင်သားတွေ သူမလို အလိမ်ခံရမှာစိုးလို့ပါဆိုပြီးပြောပြလာတဲ့ အစီစဉ်တင်ဆက်သူ ဆုမွန်

နယ်က တောသူတောင်သားတွေ သူမလို အလိမ်ခံရမှာစိုးလို့ပါဆိုပြီးပြောပြလာတဲ့ အစီစဉ်တင်ဆက်သူ ဆုမွန်

ပရိသတ်ကြီးတို့ရေ အခုတစ်ခါမှာဆိုရင်တော့ အစီစဉ်တင်ဆက်သူ ဆုမွန်က လူလိမ်တွေက သူမကို လာလိမ်နေတဲ့အကြောင်း အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

အစီစဉ်တင်ဆက်သူ ဆုမွန်က “ကံဇာတာတွေ တက်နေပုံများ လူလိမ်တွေက လိမ်မရတော့ ပြန်တောင် ဆဲသွားသေးတယ်၊ ဖြစ်ပုံက ဒီလို၊ ဆရာဦးစည်သူ ဘာဆိုလား KPay လွှဲခိုင်းလို့တဲ့ အဲ့ဒါ သူက လွှဲပေးရမှာ ၄ဝဝဝဝဝ ဆိုဘဲ၊

ကျွန်မဆီမှာ အဲ့နာမည်နဲ့ ငွေဝင်စရာမရှိဘူး ပြောတော့ မှားနေရင်လဲ အဲ့ဆရာကို ကိုယ့်ဘာကိုယ် ပြန်လွှဲပေးလိုက်ပါဆိုပြီး နာမည်နဲ့ မှတ်ပုံတင်နံပါတ် ပေးပါတဲ့၊

KPay က အဲ့ဒါတွေမှ မလိုတာလို့လဲ ပြန်ပြောလိုက်ရော ကျွန်တော်တို့က Bank ကနေ အတိအကျ လွှဲရတာမို့ပါတဲ့။ ဆက်တဲ့ အချိန်ကဖြင့် ဘဏ်ပိတ်နေပြီ၊ ကိုယ်လဲ မလွှဲတော့ဖို့နဲ့ အဲ့နာမည်နဲ့ ငွေဝင်စရာ မရှိကြောင်းလဲ ပြန်ပြောရော

” ိုးမ -ည်မ ” ဆဲပြီး ဖုန်းချသွားရှာတယ်၊ နယ်က တောသူတောင်သား ရိုးရိုးသားသားသူတွေ အလိမ်မခံရစေဖို့ တင်ပေးလိုက်တာပါရှင်” ဆိုပြီးတော့ ရေးသားမျှဝေထားပါတယ်။ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*