တစ်နှစ်ကျော်ကွာတဲ့ ညီဖြစ်သူ လွင်မိုးက ပိုလည်ပြီး ဉာဏ်ကောင်း​တယ်လို့ ပြောပြလာတဲ့ ဒါရိုက်တာမောင်သီ

တစ်နှစ်ကျော်ကွာတဲ့ ညီဖြစ်သူ လွင်မိုးက ပိုလည်ပြီး ဉာဏ်ကောင်းတယ်လို့ ပြောပြလာတဲ့ ဒါရိုက်တာမောင်သီ

ပရိတ်သတ်ကြီးတို့ရေ အနုပညာလောကထဲကို စဝင်ခြေချ ဝင်ရောက်လာကတဲက မောင်သီက ဒါရိုက်တာတစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ညီဖြစ်သူ လွင်မိုးကတော့ သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်သီနဲ့ သရုပ်ဆောင် လွင်မိုးတို့ဟာ အသက်တစ်နှစ်ကျော်သာကွာခြားပြီး အမြဲသူငယ်ချင်းတွေလို စကားများလိုက် ပြန်တည့်လိုက် မတည့်အတူနေ မမြင်ချောင်းကြည့် ညီအစ်ကိုတွေပါဆိုပြီးတော့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဒါရိုက်တာ မောင်သီက “လွင်မိုးက ပြောရရင် လူလည်ဗျ သူက စာအုပ် သိပ်မဖတ်ဘူး သီချင်း နားမထောင်ဘူး ရုပ်ရှင်မကြည့်ဘူး ကျွန်တော်တို့ ဖတ်ပြီးရင် အရက်ဝိုင်း တစ်ဝိုင်းတည်ပေးပြီး ကျွန်တော်တို့ ပြောတာတွေ နားထောင်ပြီး သူအလွတ်ရသွားပြီလေ

သူအကယ်ဒမီရတဲ့ “ရင်ထဲက ဆောင်းရာသီ” ရိုက်တုန်းကဆို ကျွန်တော်ဆိုနေကျ တေးရေး နိုင်မြန်မာရဲ့ “မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါကွယ်” သီချင်းလေးကို သူကကြားဖူးနေတော့ ဒါရို က်တာ ကိုဝဏ္ဏကို ပြောပြပြီး ဇာတ်ကားထဲမှာ ထည့်ခိုင်းတယ် သူက အဲ့ဒီလိုမျိုးတွေ ပြန်အသုံးချတတ်တယ်”ဆိုပြီးတော့လည်း ညီဖြစ်သူ လွင်မိုးကို ချီးကျူးပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*