ဒီကနေ့ လအပြည့်ကြတ်ခြင်းကို မိနစ်(၄၀)ခန့် မြန်မာနိုင်ငံက မြင်တွေ့ရမည်

ဒီကနေ့ လအပြည့်ကြတ်ခြင်းကို မိနစ်(၄၀)ခန့် မြန်မာနိုင်ငံက မြင်တွေ့ရမည်

လအပြည့်ကြတ်ခြင်းဖြစ်စဉ်(Total Lunar Eclipse)ကို မြန်မာနိုင်ငံက ဒီကနေ့ နိုဝင်ဘာလ(၈)ရက်တွင် မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ်တာရာနှင့် သိပ္ပံပညာ ဝါသနာရှင်များအသင်းက ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။လကြတ်တဲ့ဖြစ်စဉ် စတင်ချိန်ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများရဲ့ မွန်းလွဲပိုင်းအချိန် (၂)နာရီခန့်တွင် စတင်မှာဖြစ်ပြီး လအပြည့်ကြတ်ခြင်းကို ညနေ(၄နာရီ ၄၆မိနစ်)တွင် မြန်မာနိုင်ငံကနေ မြင်ရမှာဖြစ်ကြောင်း၊

မြန်မာနိုင်ငံအတွက် လထွက်ချိန်က (၅နာရီ ၂၈မိနစ်)ဖြစ်ပြီး လအပြည့်ကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ ညနေ(၆နာရီ ၁၁မိနစ်)ဖြစ်ကြောင်း ဒါကြောင့် လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို မိနစ်(၄၀)ခန့်သာ မြင်တွေ့ရမှာဖြစ်ကြောင်း သိရပါတယ်။အဆိုပါ ဖြစ်စဉ်ကို မြင်တွေ့ရရန် အရှေ့ဖက်ကောင်းကင်ကို မိုးကုတ်စက်ဝိုင်းအနီးထိ မြင်ကွင်းရှင်းတဲ့ အမြင့်တစ်နေရာကနေ ကြည့်ရှုမှသာ မြင်နိုင်မှာဖြစ်ကြောင်းနှင့်

လကြတ်ခြင်းဖြစ်စဉ်အစ အဆုံး (၅နာရီ ၅၄မိနစ်)ကြာမြင့်မည် ဖြစ်ကြောင်းလည်း အသင်းကပြောကြားထားပါတယ်။လကြတ်သည့်ဖြစ်စဉ်မှာ အချို့အချိန်များတွင် လက သွေးနီရောင်ပြောင်းသွားတတ်ကြောင်း၊ယင်းသို့ အနီရောင်ပြောင်းသွားခြင်းမှာ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားတဲ့အခါ

နေရောင်ထဲတွင်ပါရှိသည့် အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းစသော အရောင်များ လေထုအတွင်း refract(အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေတဲ့ အနီရောင်ကသာ လပေါ်ကို ကျရောက်သွားတာဖြစ်ကြောင်း၊ယင်းအပြင် ကမ္ဘာ့လေထုအတွင်းရှိ ဖုန်မှုန့်များနှင့် အမှုန်အမွှားများ၊မီးခိုးများကြောင့် အနီရောင်အနေဖြင့် မြင်ရခြင်းလည်း ဖြစ်နိုင်ကြောင်းသိရပါတယ်။C r d

Be the first to comment

Leave a comment

Your email address will not be published.


*