အစ်မက သူ့ဘဝမှာ အားအကျရဆုံးနဲ့ ဒုတိယမိခင်ပါလို့ ရင်ဖွင့်လာတဲ့ မေပန်းချီရဲ့ညီမလေး

အစ်မက သူ့ဘဝမှာ အားအကျရဆုံးနဲ့ ဒုတိယမိခင်ပါလို့ ရင်ဖွင့်လာတဲ့ မေပန်းချီရဲ့ညီမလေး

ပရိတ်သတ်ကြီးတို့ရေ သရုပ်ဆောင် မေပန်းချီကတော့ အမိုက်စားဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ပုရိသတွေရဲ့အသည်းစွဲ အားပေးမှုကိုလည်း ရရှိထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် မေပန်းချီက စိန်ရွှေရတနာတွေကို live လွှင့်ရောင်းချနေပြီး နာရီပိုင်းအတွင်းကို သိန်းထောင်ချီ ရောင်းချနေရတာလည်း ဖြစ်ပါတယ်။

မေပန်းချီကတော့ မိခင်ကြီးမရှိတော့တဲ့ နောက်ပိုင်းမှာ အမကြီးအမိရာဆိုသလို ညီမလေးအပေါ်မှာ မိခင်တစ်ယောက်လိုကို တာဝန်တွေယူပြီး ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။

လက်ရှိမှာဆိုရင်တော့ ပန်းချီရဲ့ ညီမလေး ငွေစန္ဒာကလည်း ကိုယ်ပိုင် တေးသီချင်းတွေ ထွက်ရှိထားပြီး ပရိသတ်တွေပါ ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

မေပန်းချီရဲ့ ညီမလေးကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အစ်မဖြစ်သူ မေပန်းချီက သူမရဲ့ဘဝမှာ အားအကျရဆုံး အမျိုးသမီး တစ်ယောက်ပါဆိုပြီးတော့ အစ်မကို လေးစားချစ်ခင်ကြောင်း ရေးသားဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးတို့ရေ ပန်းချီရဲ့ ညီမလေးကတော့ မေပန်းချီက သူမအတွက် ဒုတိယမိခင်ပါတဲ့နော်။

Be the first to comment

Leave a comment

Your email address will not be published.


*